အပိုင်း ( 1251 ) ယွမ်လုမှ အင်အားစုများ ထပ်မံရောက်လာခြင်း။
အလင်းတံခါးများက လေထဲတွင် လွင့်မျောနေသည်။ တစ်ချက်ကြည့်လိုက်လျှင် အလင်းတံခါး ငါးရာကျော် ရှိ၏။
ထို့ပြင်၊ အလင်းတံခါးများက ဟင်းလင်းပြင်စွမ်းအားတို့ဖြင့် တုန်ခါနေသည်။ ဝိညာဉ်အသိဖြင့် ခံစားကြည့်လျှင်တော့ ဟင်းလင်းပြင်လမ်းကြောင်းများကို ပေါ်လွင်စေခြင်းဖြစ်ကြောင်း သိလိမ့်မည်။ သို့ရာတွင် သာမန်မျက်စိဖြင့်တော့ မြင်တွေ့နိုင်ရန် ခက်ခဲသည်။"ဒီအလင်းတံခါးတိုင်းက ဟင်းလင်းပြင်လမ်းရဲ့ ဝင်ပေါက်ကို ကိုယ်စားပြုပြီး ဟင်းလင်းပြင်လမ်းတိုင်းမှာလည်း စမ်းသပ်မှုတွေ အမျိုးမျိုးရှိတယ်"
"နောက်ပြီးတော့ ဟင်းလင်းပြင်လမ်းနှစ်ခုစီက အမှတ်မထင် ဆုံတွေ့ရနိုင်တယ်။ အဲဒီတွေ့ဆုံမှုက မင်းတို့ရဲ့ တိုက်ပွဲမြေပြင်ပဲ၊ အနိုင်ရတဲ့သူပဲ ရှေ့ဆက်သွားနိုင်လိမ့်မယ်"
"ဒါ့အပြင်၊ တွေ့ဆုံမှုက တိုက်ပွဲတွေကို ငါတို့အားလုံး မြင်နေကြရမှာ။ ဒါကြောင့် မင်းတို့ အစွမ်းကုန်လုပ်ရမယ်"
ဆံပင်ဖြူ အဘိုးကြီးက ရှင်းပြလိုက်သည်။'ကောင်းလိုက်တဲ့ ရွေးချယ်မှုနည်းလမ်း'
လုမင် မှတ်ချက်ချလိုက်မိ၏။လူငါးရာကျော်က ဟင်းလင်းပြင်လမ်းများထဲသို့ ဝင်ရမည်။ ပထမစမ်းသပ်မှုကို အောင်မြင်သောအခါ အခြားတစ်ဦးနှင့် အမှတ်မထင် တွေ့ဆုံကြရမည် ဖြစ်၏။ ထိုနှစ်ဦးက တိုက်ခိုက်ရပြီး အောင်နိုင်သူသာ ရှေ့ဆက်သွားနိုင်မည် ဖြစ်သည်။ ရှုံးနိမ့်သူကတော့ ဖယ်ထုတ်ခံရလိမ့်မည်။
အသန်မာဆုံးလူကို မဆုံးဖြတ်မချင်း ဤအရာက ဆက်လက်ရှိနေမည်ဖြစ်သည်။
ထို့အပြင်၊ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူများကလည်း ဤမြင်ကွင်းကို အပြင်ဘက်မှ မြင်နိုင်သည်။ ထို့ကြောင့် သူတို့က လူတိုင်း၏စွမ်းဆောင်ရည်ကို စောင့်ကြည့်ကာ အသင့်တော်ဆုံးတပည့်များကို ရွေးချယ်နိုင်လိမ့်မည်။
"ကောင်းပြီလေ၊ မင်းတို့ရဲ့လမ်းကို ရွေးချယ်ပြီးတော့ ဝင်လ.."
![](https://img.wattpad.com/cover/344255810-288-k110747.jpg)
ESTÁS LEYENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...