အပိုင်း ( 1411 ) သိုင်းအုပ်ချုပ်သူ ကပ်ဘေး။
သန္ဓေဝိညာဉ်ခန္ဓာများက အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သည်။ ၎င်း၏ အသက်စွမ်းအားက အခြားသူများထက် များစွာ အားကောင်း၏။ ဤနေရာတွင် အခြားသူဖြစ်ပါက လုမင်၏ လက်သီးချက်ကြောင့် သေဆုံးသွားရမည် ဖြစ်သည်။ သို့သော်၊ လျိုယန်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး လွတ်မြောက်နိုင်ခဲ့ပေသည်။
"ဘယ်လောက်တောင် သန်မာလိုက်တဲ့ တိုက်ခိုက်နိုင်စွမ်းလဲ"
ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများ ပင့်သက်ရှိုက်လိုက်မိကြသည်။လျိုယန်တွင် သန္ဓေ မီးလျှံဝိညာဉ်ခန္ဓာ ရှိ၏။ ထို့အပြင် တာအိုနယ်မြေသိုင်းပညာကို လေ့ကျင့်ထားနိင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ဤသို့သော ပါရမီရှင်မျိုးက အဆင့်တူ အခြား ပါရမီရှင်မျိုးကို ကောက်ပင်ရိတ်လှီးသကဲ့သို့ သတ်နိုင်ကြပေသည်။ သို့သော်လည်း လုမင်နှင့် တွေ့ရချိန်မှာတော့ လုံးဝ ချေမှုန်းခံခဲ့ရသည်။
"နေရာတစ်ခုရှာပြီး သိုင်းအုပ်ချုပ်သူနယ်ပယ်ကို မြန်မြန် ဖြတ်ကျော်ကြရအောင်"
"သူက အခု သန်မာနေတယ်ဆိုရင်တောင် သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ပြီးရင် အခြေအနေ မတူတော့ဘူး"
ထို့နောက်မှာတော့ လူငယ်တိုင်းက သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရန် နေရာကောင်းကို ရှာဖွေရန်အလို့ငှာ ထွက်သွားကြတော့သည်။
ဤနေရာတွင် ယွမ်ချီစွမ်းအင်က မယုံနိုင်လောက်အောင် ထူထပ်သည်။ ပြင်ပကမ္ဘာမှ ယွမ်ချီစွမ်းအင်ထက် များစွာ ပိုသိပ်သည်း၏။ ဤနေရာက မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေဖြစ်သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
လျိုယန် လွတ်မြောက်သွားပြီးနောက် လုမင်က ပင်ခုန်းရှေ့ကို ခြေတစ်လှမ်းဖြင့် ရောက်လာခဲ့သည်။
"လု... လုမင်၊ ငါ့အသက်ကို ချမ်းသာပေးပါ... "
ပင်ခုန်း အလွန် တုန်လှုပ်သွား၏။ လုမင် ရောက်လာသည်ကို မြင်လိုက်ရသော် ကြောက်အားကြီးစွာဖြင့် အော်လိုက်သည်။
ВЫ ЧИТАЕТЕ
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Приключенияမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...