1281 - 1285

315 23 0
                                    

အပိုင်း ( 1281 ) ပင်လယ်ရေအောက်မှ သားရဲများ။

ဂရုတစိုက် လေ့လာခဲ့ပြီးနောက် နောက်ဆုံးပန်းတိုင်ဟာ ပင်လယ်အောက်ခြေမှာ ရှိနေကြောင်း လူတိုင်း သိခဲ့ရသည်။

ယင်းမှာ ပင်လယ်အောက်ခြေ နက်ရှိုင်းသောနေရာမှ လျှို့ဝှက်နေရာတွင်။

"‌ဗွမ်း ဗွမ်း"
ကျွမ်းကျင်သူများစွာက ပင်လယ်ထဲသို့ခုန်ဆင်းကာ မြေပုံအတိုင်း သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။

လုမင်လည်း ပင်လယ်ထဲကို ခုန်ဆင်းသွား၏။

ဤနေရာမှာ ပင်လယ်အတွင်းပိုင်းဖြစ်ပြီး  အလွန် ရေစူးနက်သည်။ လူတိုင်းက ရေအောက်သို့ငုပ်ကာ မီတာတစ်ရာ၊ မီတာတစ်ထောင်မှ နောက်ဆုံးတွင် ရေအနက် မီတာ တစ်သိန်းကျော်သို့ ရောက်ရှိလာခဲ့ကြသည်။

ဤရေစူးအနက်ထိ ရောက်လာချိန်မှာတော့ ပင်လယ်ရေဖိအားက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အဆင့်မြင့်မားသော ဝိညာဉ်လက်နက်များပင်လျှင် ရေထုဖိအားအောက်တွင် ကြေမွသွားရပေလိမ့်မည်။

ကြောက်စရာကောင်းသော ဖိအားများက လုမင်ကို အဆက်မပြတ် ဖိနှိပ်နေခဲ့သည်။ လုမင်လည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ယွမ်ချီစွမ်းအင်များ ဖြန့်ကျက်လိုက်၏။ တစ်ချိန်တည်းတွင် ရေတာအိုကို လှည့်ပတ်လိုက်လေသည်။ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားခဲ့သည်။ ထိုအခါ ပင်လယ်ရေက အလိုအလျောက် ကွဲထွက်သွားပြီး လုမင်အနီးသို့ မကပ်နိုင်တော့ပေ။

ဤအချိန်တွင် လုမင်က စိတ်အေးလက်အေး ရှိနိုင်သေးသော်လည်း တခြားသူများကတော့ မဟုတ်တော့ပါ။

"ဖူး"
ပထမအဆင့် ဝိညာဉ်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့မျက်နှာ ဖြူဖျော့သွားခဲ့သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။ ထိုသူမှာ ဆက်လက်မငုပ်ဝံ့တော့ဘဲ အပေါ်သို့ အလျင်အမြန် ကူးတက်သွားတော့သည်။

ဤအချိန်တွင် သာမန် အဆင့်နိမ့် ဝိညာဉ်နတ်ဘုရားများအတွက် ခုခံရန် အလွန် ခက်ခဲနေပြီ ဖြစ်သည်။ အတင့်ရဲကာ ဆက်လက်ငုပ်လျှိုးပါက ကြီးမားသော ရေထုဖိအားကြောင့် သေဆုံးသွားရပေလိမ့်မည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးDonde viven las historias. Descúbrelo ahora