အပိုင်း ( 1271 ) နတ်ဘုရားအပျက်အယွင်း အတွင်းပိုင်းသို့။
"ဟမ်"
အဝေးကို လှမ်းကြည့်ရင်း မုမိသားစုခေါင်းဆောင်၏ မျက်နှာက အေးစက်သွားကာ ရေရွတ်လိုက်သည်။
"နတ်ဘုရားအပျက်အယွင်းတွေ""လိုက်"
ဤအခိုက်တွင် ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် သူ့ရှေ့မှ ဟင်းလင်းပြင်သည် အလိုအလျောက် ပွင့်ထွက်သွား၏။ သူက လင်းသခင်လေးကိုခေါ်ကာ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။မုမိသားစုခေါင်းဆောင်နှင့် မုရဲ့တို့လည်း ဟင်းလင်းပြင်ကိုဆုပ်ဖြဲကာ လုမင်တို့အနောက်ကို လိုက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအပျက်အယွင်းများ အပေါ်မှ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့သည်။ ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူကြီး၊ မုမိသားစုခေါင်းဆောင်နှင့် အခြားသူများ ပေါ်လာခဲ့၏။
"သူတို့က နတ်ဘုရားအပျက်အယွင်းတွေထဲ ဝင်သွားကြတာပဲ"
မုမိသားစုခေါင်းဆောင်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။"ဘာဖြစ်လို့ ဆက်မလိုက်တာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်း အမျိုးသားက မေးသည်။"ဒီနေရာက နတ်ဘုရားအပျက်ယွင်းရဲ့ ဗဟိုစက်ဝိုင်းပဲ။ အဲဒီမှာ အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ဝင်သွားမယ်ဆိုရင် အုပ်ချုပ်သူတွေတောင် ပြန်ထွက်လာဖို့ မလွယ်ဘူး"
မုမိသားစုခေါင်းဆောင်က ပြောလိုက်၏။"အုပ်ချုပ်သူတွေတောင် အန္တရာယ်ရှိတာလား။ ဟားဟားဟား၊ ငါ့အထင်တော့ မင်းက ချဲ့ကားနေတာပဲ။ ငါ ဝိညာဉ်အသိနဲ့ ဂရုတစိုက် စစ်ဆေးကြည့်ပြီးပြီ။ ဒီနေရာက ရိုးရိုး အပျက်အယွင်းတစ်ခုပဲ၊ သက်ရှိသတ္တဝါတွေတောင် ရှိတာမဟုတ်ဘူး။ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အန္တရာယ်ရှိနိုင်မှာလဲ"
ကောင်းကင်နတ်ဘုရားဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးရုံပြုံးလိုက်သည်။သူသည် ယုံကြည်မှု အပြည့် ရှိ၏။ နတ်ဘုရားအပျက်အယွင်းတွင် အုပ်ချူပ်သူများကို ခြိမ်းခြောက်နိုင်သောအရာ ရှိနေမည်ဟု သူ မယုံပေ။
![](https://img.wattpad.com/cover/344255810-288-k110747.jpg)
VOCÊ ESTÁ LENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...