အပိုင်း ( 1481 ) ဧကရာဇ်ဆေးပင်နဲ့ ဧကရာဇ်လက်တွေလိုချင်တယ်နော်။
မြင့်မားသော ရုပ်သွင်နှင့် ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးက ကြယ်တာရာကောင်းကင်တွင် တိုက်ပွဲဝင်ခဲ့ကြသည်။
သို့သော်လည်း လုမင်ဟာ ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။ ပြိုကျနေသော ဟင်းလင်းပြင်မှတဆင့် ကြယ်တာရာကောင်းကင်ယံတွင် တိုက်ခိုက်နေသော ရုပ်သွင်နှစ်ခုကို ယောင်ဝါးဝါးမြင်နိုင်သည်။
ကြီးမားသော ရုပ်သွင်ကြီးနှစ်ခုက ကြယ်တာရာကောင်းကင်တွင် တိုက်ခိုက်ခဲ့ကာ ဟင်းလင်းပြင်လည်း အဆက်မပြတ် ပြိုကျခဲ့ရသည်။
"ဝုန်း"
ရုတ်တရက်၊ မြင့်မားသောရုပ်သွင်ကြီးက ဟိန်းဟောက်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ သူဟာ ရှည်လျားသော ဦးချိုနှစ်ချောင်းဖြင့် နွားချေးပိုးကောင်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွား၏။ ၎င်း၏ ဦးချိုနှစ်ချောင်းက နတ်ဓါးနှစ်ချောင်းနှင့်ပင် တူလှသည်။ဧရာမရုပ်သွင်၏ ကိုယ်ခန္ဓာက အမှန်တကယ်ပင် ဧရာမနွားချေးပိုးကောင်ကြီးတစ်ကောင် ဖြစ်ချေသည်။
ကောင်းကင် နွားချေးပိုးကောင်ကြီး ခြေတစ်ချက်လှမ်းလိုက်တိုင်း ဟင်းလင်းပြင်က ပြိုကျသွားရသည်။
"ဝူး"
ကောင်းကင် နွားချေးပိုးကောင်ကြီးက ဟိန်းဟောက်လိုက်ရာ ဟင်းလင်းပြင်က ကစဉ့်ကလျား ဖြစ်သွားသည်။ လုမင်လည်း ကြယ်တာရာကောင်းကင်မှ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်နေသော ကြယ်များကိုပင် မြင်လိုက်ရပေသည်။လုမင် ရင်ဖိုမောသွားသည်။ ဟိန်းဟောက်သံသက်သက်က ကြယ်များကို ပေါက်ကွဲသွားစေနိုင်၏။ ဟောက်သံက ကြယ်တွေကို ပေါက်ကွဲစေနိုင်ပါတယ်။ ယင်းက မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း။
လူတစ်ယောက်၏ ခွန်အားက ဤအဆင့်ကို တကယ်ရောက်နိုင်ပါ့မလား။
လုမင်လည်း မြင့်မားသောရုပ်သွင်၏ တိုက်ခိုက်နိုင်စွမ်းက ရှမ်းဟွမ်တိုက်ကြီးကဲ့သို့ တိုက်ကြီးများကို အမှုန့်ချေပစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူတို့၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ရှမ်းဟွမ်တိုက်ကြီး ပျောက်ကွယ်သွားပေလိမ့်မည်။
VOCÊ ESTÁ LENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...