အပိုင်း ( 1476 ) ကြားဖြတ် တိုက်ခိုက်ကြခြင်း။
လူရိပ်ခြောက်ခုက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကိုထုတ်ဖော်ရင်း လုမင်၏ လွတ်မြောက်ရာလမ်းကြောင်းတိုင်းကို ပိတ်ဆိုလိုက်ကြသည်။
"သတ္တမအဆင့် သိုင်းအုပ်ချုပ်သူ ငါးဦးနဲ့ ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ တစ်ဦး"
လုမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။သူတို့ထဲတွင် တစ်ယောက်က ဆံပင်ရှည်နှင့် သူ့နောက်ကျောတွင် နတ်ဆိုးဓားတစ်လက် လွယ်ပိုးထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ့ထံမှ နတ်ဆိုးနတ်ဘုရားငယ်တစ်ပါးကဲ့သို့ ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ်နေ၏။
သူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူ ဖြစ်သည်။
ကျန်ငါးယောက်ကတော့ အနက်ရောင် နတ်ဆိုးအလင်းများ ဖုံးလွှမ်းထားသောကြောင့် သူတို့၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့ရာတွင် သူတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဤလူငါးဦးစလုံးက သတ္တမအဆင့် သိုင်းအုပ်ချုပ်သူများ ဖြစ်၏။
"ကောင်းကင်နတ်ဆိုးဂိုဏ်းက ငါ့ကို တကယ် အထင်ကြီးနေတာပဲ"
လုမင်က စူးရှသော မျက်လုံးများဖြင့် လူငယ်လေးကို စိုက်ကြည့်လိုက်သည်။ယခုလေးတင် ဓားချက်ထုတ်ဖော်လိုက်သူက ထိုလူငယ် ဖြစ်၏။
သူက ကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်တစ်ဦးကို ဒဏ်ရာရစေတဲ့အပြင် ငါတို့ရဲ့ သူတော်စင်ငယ်ကို စော်ကားပြီး ဒီအတိုင်း လွယ်လွယ်နဲ့ မင်းထွက်သွားနိုင်မယ် ထင်တာလား။ မင်း တကယ်ကို နုံအလွန်းတာပဲ"
လူငယ်က အေးစက်စက် သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။"အဟက်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းက စန်းပြည်နယ်ရဲ့ ထိပ်တန်းအင်အားစုကြီး ဆယ့်သုံးခုထဲက တစ်ခုပါပဲ။ ဒါပေမဲ့ မင်းတို့ရဲ့စရိုက်က ဒီလိုလား။ အငယ်တွေ ရှုံးသွားတာနဲ့ ငါ့ကိုဖမ်းဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်လိုက်တယ်ပေါ့"
လုမင် လှောင်ပြောင်လိုက်သည်။
![](https://img.wattpad.com/cover/344255810-288-k110747.jpg)
BINABASA MO ANG
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...