အပိုင်း ( 1401 ) သန္ဓေဝိညာဉ်ခန္ဓာတစ်ခု။
"မင်းလက်မှတ်မထိုးဘူးလား"
ရင်ဖေးကျန်း၏ မျက်နှာထက်မှ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုအစား အေးစက်တင်းမာမှုက အစားထိုးသွား၏။"ဟုတ်တယ်၊ ငါတို့ လက်မှတ်မထိုးဘူး။ ငါတို့ ရွမ်ညီအကို သုံးယောက်ကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး"
သုံးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။"ဟားဟားဟား"
ရင်ဖေးကျန်းက အေးစက်စက် ရယ်မောပြီး ပြောလိုက်သည်။
"ဒီနေ့ ငါ နည်းနည်းလောက်မှ ရက်စက်မပြရင် လေးစားရမှန်းသိကြမှာ မဟုတ်ဘူး"ပြောဆိုပြီးနောက် ရင်ဖေးကျန်း၏ ခန္ဓာကိုယ်မှ မိုးပြာရောင် အလင်းတန်းများ ထွက်လာခဲ့သည်။ အေးစက်သော သတ်ဖြတ်ချင်စိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။
လူငယ်သုံးယောက်လည်း သတိထားပြီး ရင်ဖေးကျန်းကို ကြည့်လိုက်ကြသည်။
"ဝှစ်"
ရင်ဖေးကျန်းက စတင်တိုက်ခိုက်လိုက်သည်။ မိုးပြာရောင် လက်ဝါးပုံရိပ်ကြီးက လူငယ်တစ်ဦး၏ ဒန်တျန်ဆီသို့ ဦးတည်သွား၏။"ဝုန်း"
လူငယ်သုံးယောက်က အရှိန်အဝါများ ပြိုင်တူ ထုတ်ဖော်လိုက်ကြသည်။ သူတို့သုံးယောက်က စွမ်းအင်များကို ချိတ်ဆက်ပြီး ချောမွေ့စွာ ပေါင်းစပ်လိုက်၏။ သူတို့၏ အရှိန်အဝါများက တဟုန်ထိုး တက်လာတော့သည်။လူငယ်သုံးယောက်မှ တစ်ယောက်က ရှေ့သို့လှမ်းပြီး ရင်ဖေးကျန်း၏လက်ဝါးကို ထိုးနှက်လိုက်သည်။
ပေါက်ကွဲသံနှင့်အတူ၊ ရင်ဖေးကျန်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး နောက်သို့ ဆုတ်သွားရ၏။
လူငယ်သုံးယောက်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။
"မဆိုးပါဘူး"
ရင်ဖေးကျန်း၏ မျက်နှာက အေးစက်သွားသည်။ဤသုံးယောက်က စွမ်းအင်များ ပေါင်းစပ်ကာ သူ၏ တာအိုနယ်မြေသိုင်းပညာကို ခုခံနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"သတ်"
ရင်ဖေးကျန်းက မာန်သွင်းပြီး လူငယ်သုံးယောက်ကို ထပ်မံတိုက်ခိုက်လိုက်သည်။ သို့သော်၊ လူငယ်သုံးယောက်က လိုက်လျောညီထွေ ပေါင်းစပ်ထားပြီး ပြန်လှန် တိုက်ခိုက်လိုက်၏။ ရင်ဖေးကျန်းနှင့် တိုက်ကွက်အနည်းငယ် ဖလှယ်ခဲ့ကြသော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်သည်။
![](https://img.wattpad.com/cover/344255810-288-k110747.jpg)
VOCÊ ESTÁ LENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...