အပိုင်း ( 1391 ) ခွဲခွာနှုတ်ဆက်ချိန်။
ရှန်းရွှီရှေးမြို့တော်မှ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။ တိုက်ပွဲ၏ ပြင်းထန်သော အတက်အကျများကြောင့် လူတိုင်း အသည်းအသန် ဆုတ်သွားကြတော့သည်။
ထိုအချိန်တွင် လုမင်၏ အတွေးတစ်ခုဖြင့် ရှဲ့နျန်ချင်း ထွက်ပေါ်လာခဲ့သည်။
"ရှဲ့နျန်ချင်း"
ရှဲ့နျန်ချင်း ပေါ်လာသည်နှင့် တပြိုင်နက် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းနှစ်ဦး၏ မျက်လုံးများက တောက်ပလာသည်။"လုမင်၊ ဘာတွေဖြစ်နေတာလဲ"
ရှဲ့နျန်ချင်းက သံသယဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။လုမင်၏ ဒုတိယခန္ဓာက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး တန်တန်နှင့် ပူဖောင်းလေးသည်ပင် သတိလစ်သွားသည်ကို တွေ့လိုက်ရသောကြောင့်လည်း သူမ စိတ်ပူသွားမိသည်။ ယခုတော့ လုမင် ဘာမှမဖြစ်ကြောင်း မြင်တွေ့ရမှ သူ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်။
လုမင်က အဖြစ်အပျက်ကို အတိုချုံးပြောပြလိုက်သည်။
"ဒီတော့ ဒီလိုပဲ"
ရှဲ့နျန်ချင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို မြင်သောအခါ ဦးညွှတ်ပြလိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးလည်း ရှဲ့နျန်ချင်းကိုကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ကျေနပ်သွားပုံရလေသည်။ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းက အဓိပဓိအဆင့်သို့ ရောက်ရှိသွားသည့်အတွက် အံ့သြကျေနပ်သွားကြခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ်က သူတို့ လုမင်နှင့် တွေ့ဖူးသည်။ ထိုအချိန်က ရှဲ့နျန်ချင်း၏ ကျင့်ကြံခြင်းကို သူတို့ မှတ်မိသေးသည်။ ရှန်းရွှီတိုက်အဖွဲ့အစည်းကဲ့သို့ နိမ့်ကျသော နေရာမျိုးမှာပင် နှစ်နှစ်အတွင်း အဓိပဓိအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့သည်။ ဤအရည်အချင်းမျိုးက ရှဲ့နျန်ချင်းကို ပို၍ ကျေနပ်လာစေခဲ့ပေသည်။

CZYTASZ
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Przygodoweမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...