အပိုင်း ( 1336 ) ဧကရာဇ်ကျိုးယန်။
"ဟားဟားဟား၊ သိပ်လည်း အပျော်မစောပါနဲ့ဦး။ ဒီနေ့ မင်း သေရမဲ့အပြင် လုမင်လည်း သေလိမ့်မယ်"
မြင်းမျက်ဧကရာဇ်က လှောင်ပြောင်လိုက်သည်။"လုမင်လည်း မင်းတို့လက်ထဲမှာ ရှိတာလား"
အဓိပဓိကျိုးယန်လည်း အနည်းငယ် စိုးရိမ်သွားသော လေသံဖြင့် မေးလိုက်၏။"မဟုတ်သေးပါဘူး၊ ဒါပေမဲ့ မကြာခင် ဖြစ်လာလိမ့်မယ်"
မြင်းမျက်နှာဧကရာဇ်က ပြုံးပြီး ဆက်ပြောလိုက်သည်။
"လုမင်က ဖြောင့်မတ်တဲ့ လူတစ်ယောက်လို့ ငါကြားဖူးတယ်။ ဒီနေ့ မင်းတို့ကို ကွပ်မျက်တော့မယ်ဆိုတာ သူသိရင် မင်းကို ကယ်တင်ဖို့ သူတော်စင်မြို့တော်ဆီကို ပြေးလာလိမ့်မယ်။ တကယ်လို့ သူလာသရွေ့တော့ သေချာပေါက် သေလိမ့်မယ်""မင်း... ရွံ့စရာကောင်းလိုက်တာ"
"မင်း တကယ် ယုတ်မာတာပဲ။ ငါတို့ကို အသုံးချချင်ရင် စဉ်းတောင်မစဉ်းစားနဲ့"
ရှကျိုးယန်၊ ပိုင်ရှီကျင်းနှင့် အခြားသူများလည်း မြင်းမျက်နှာဧကရာဇ်၏ စကားကိုကြားသောအခါ ဒေါသပေါက်ကွဲသွားကြသည်။ သူတို့၏အဆင့်အရ ရှဲ့မိသားစုနှင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ ပူးပေါင်းကြံစည်မှုကို မည်သို့မသိဘဲ ရှိမည်နည်း။ လုမင်ကို ဆွဲဆောင်ရန် တမင် ကြိုးစားနေကြကြောင်း ထင်ရှားသည်။
"အော်လေ၊ မင်းတို့ ဘယ်လောက်ပဲ အော်နေပါစေ အသုံးမဝင်ဘူး"
မြင်းမျက်နှာဧကရာဇ်က လှောင်ပြောင်လိုက်၏။ ရှကျိုးယန်နှင့် အခြားသူများ၏ မျက်နှာများပေါ်မှ စိုးရိမ်ပူပန်နေသော အမူအရာများကို မြင်ရခြင်းမှာ သူ့ကို အလွန်သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။ဤအခိုက်တွင်...
"ဝှစ်... ဝှစ်..."
အဝေးမှ ပြင်းထန်သော လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။ အသံများ မပျောက်ကွယ်မီပင် ပတ်ဝန်းကျင်၌ လူရိပ်များ ပေါ်လာနေကြပြီ။
မိစ္ဆာနတ်ဆိုးမျိုးနွယ်၊ သူတို့အားလုံးက မိစ္ဆာနတ်ဆိုးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့တစ်ဦးစီက အားကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး မြင်းမျက်နှာဧကရာဇ်နှင့် အခြားသူများကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။

أنت تقرأ
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
مغامرةမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...