ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1061 ) လုမင် ဖြတ်သွားပြီ။ရန်ပိုထျန်းက ထျန်းရှအကယ်ဒမီ၏ အကြီးအကဲထံမှ တံဆိပ်ပြားကို လက်ခံယူပြီးသော်၊ လူအများက ထျန်းရွှီဂူဝင်ပေါက်သို့ ပြန်လာခဲ့ကြသည်။
ရန်ပိုထျန်းကမူ၊ တံဆိပ်ပြားကို သိမ်းဆည်းပြီးနောက် သူ အာရုံစိုက်ရန် တစ်စုံတစ်ရာမရှိသကဲ့သို့ ထွက်ခွာသွားတော့သည်။
"အဲ၊ နောက်တစ်ယောက် ဝင်သွားပြီ။ ဒါက ဘယ်သူလဲဟ၊ သူက ကံစမ်းချင်နေတာလား"
"မသိဘူး မသိဘူး၊ သူက ငချွတ်လေးပဲဖြစ်မှာပါကွာ။ နှစ်မိနစ်တောင် မကြာဘူး၊ သူ ပြန်ထွက်လာမယ်ထင်တယ်"
"ဒီနေ့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။ လူသုံးယောက်တောင်မှ ထျန်းရွှီဂူကို ဆက်တိုက် ကျော်ဖြတ်သွားကြတယ်"
"ဟုတ်တယ်၊ ဒါပေမဲ့ အသန်မာဆုံးတွေ ဝင်ပြီးပြီလေ၊ ကျန်တဲ့လူတွေကတော့ ဝင်နိုင်တော့မယ် မထင်ဘူး"
လူတော်တော်များများက လုမင် ပြန်ပို့လွှတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေခဲ့ကြသည်။
သို့သော်လည်း တစ်မိနစ်၊ နှစ်မိနစ်၊ ဆယ်မိနစ်ကျော်သွားသည့်တိုင် လုမင် မထွက်သေးပေ။
"အိုး၊
"သိုက်၊ ဒီကောင်လေးက ဒီလောက်ကြာအောင် ထိန်းထားနိုင်တယ်၊ တကယ် ထူးဆန်းတာပဲ""ခဏလောက်စောင့်ရအောင်၊ ခဏနေရင် သူထွက်လာမှာပါ"
ပြောဆိုရင်း စောင့်ကြပြန်သည်။
သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်ခဲ့ကြသည့်တိုင် မထွက်လာသေးပေ။ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
..........
ထျန်းရွှီဂူထဲကို လုမင် ဝင်လိုက်သည်နှင့်တပြိုင်နက် သူ့ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး စင်မြင့်တစ်ခုပေါ်သို့ ရောက်သွားသည်။
'ဝင်္ကပါ'
လုမင် တိတ်တဆိတ် တွေးလိုက်၏။ ထျန်းရွှီဂူတွင် အလွန်အားကောင်းသော ဝင်္ကပါတစ်ခု ရှိခဲ့သည်။
أنت تقرأ
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
مغامرةမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...