အပိုင်း ( 1221 ) သူတော်စင်တစ်ပိုင်းအဆင့် ဆေးပင်။
၎င်းက သစ်ပင်အမြစ်နှင့်တူပြီး ရွှေရောင်အဆင်းရှိသည့် ရွှေကဲ့သို့ အရာတစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်းထံမှ စူးရှသော ဆေးရနံ့များ ထွက်ပေါ်နေခဲ့၏။
မြေဧကရာဇ်အနှစ်သာရ၊ ၎င်းက နိဗ္ဗာနဆေးကိုသန့်စင်ရန်အတွက် အဓိက ပါဝင်ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ လုမင်သည် ၎င်းကို ရှေးဟောင်းမိုင်းတစ်ခုတွင် အမှန်တကယ် တွေ့ရမည်ဟု မထင်ထားခဲ့ပေ။
လုမင် အလွန်ဝမ်းသာသွားသည်။
ဤမြေဧကရာဇ်အနှစ်သာရကို ရရှိပြီးနောက် နိဗ္ဗာနဆေးလုံးကို ဖော်စပ်ရန်အတွက် အဓိက ပါဝင်ပစ္စည်း ခုနစ်ပါးထဲမှ တစ်ခုသာ လိုတော့သည်။ အဓိကပါဝင်ပစ္စည်း ခုနစ်ခုကို စုဆောင်းနိုင်သရွေ့ အခြား အရန်ပစ္စည်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် နိဗ္ဗာနဆေးလုံးကို စတင်သန့်စင်နိုင်လိမ့်မည်။
"ဒါက မြေဧကရာဇ်အနှစ်သာရပဲ"
"ဒါဟာ တကယ်ကို မြေဧကရာဇ်အနှစ်သာရ အစိတ်အပိုင်းတစ်ခုပဲဟ။ ဒါကြီးကတော့ တကယ်ကို အမြတ်ကြမ်းတာပဲ။ မြေဧကရာဇ်အနှစ်သာရတစ်ခုက ကျောက်ကြမ်းသန်းနဲ့ချီပြီး တန်ဖိုးရှိတယ်"
"သူက ကံကိုကောင်းလွန်းပါတယ်ကွာ။ ပထမမိုင်းမှာပဲ တနာတစ်ခုကို တွေ့နေပြီ"
ရင်ပြင်တစ်ဝိုက်တွင် မြေဧကရာဇ်အနှစ်သာရကို အသိအမှတ်ပြုပြီးနောက် မနာလိုစွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။
'ချီးပဲ၊ ဒီကောင်လုမင်က ဘယ်လိုတောင် ကံကောင်းတာလဲ။ ပထမတစ်ခုမှာတင် ရတနာကို ရခဲ့တယ်'
မုကြွယ်၏မျက်နှာက သုန်မှုန်ပြီး မျက်လုံးများလည်း အေးစက်သွားခဲ့သည်။ဤရှေးဟောင်းမိုင်း တစ်ခုစီတိုင်းကို မုသားစု၏ ကျွမ်းကျင်သူများက ဂရုတစိုက် စစ်ဆေးထားခဲ့ပြီး ဖြစ်သည်။ ရတနာတစ်ခုခုကို ရှာတွေ့နိုင်ခြေရှိသရွေ့ မုမိသားစုက သိမ်းဆည်းထားလိမ့်မည်။
သို့ရာတွင်၊ ဤနေရာ၌ ရှေးဟောင်းမိုင်းများ ထောင်ချီကာရှိ၍ ပိုက်ကွန်ထဲမှလွတ်သော ငါးများရှိနိုင်သည်။ သို့သော်လည်း ၎င်းတို့က အရေအတွက် လွန်စွာ နည်းပါးလှပေသည်။ ထိုအတွက် ရှေးဟောင်းမိုင်း ထောင်ချီကြားတွင် ရတနာရနိုင်ချေက ပို၍နည်းသွားသည်။
ESTÁS LEYENDO
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Aventuraမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...