ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1066 ) ကြီးစိုးသောသွေးအေးနန်းတော်။နောက်ဆုံးတွင်၊ တစ်စုံတစ်ဦးက ဝင်္ကပါအတွင်းမှ ကွာဟချက်များကို ဖော်ထုတ်ပြီး ဂရုတစိုက် ရှေ့ဆက်သွားခဲ့သည်။
သို့သော်လည်း ဝင်္ကပါက တောက်ပလာကာ ဝင်္ကပါအတွင်း၌ လူအများမပြား သေဆုံးသွားတော့သည်။ နောက်ဆုံးတွင် လူတိုင်း ကြောက်လန့်သွားကြပြီ ဖြစ်သည်။
ဝိညာဉ်ဆေးပင်များက ကောင်းမွန်သော်လည်း အသက်ရှင်မှသာ ၎င်းတို့ကို ခံစားနိုင်လိမ့်မည်။ မဟုတ်လျှင် အရာအားလုံးက အချည်းနှီးသာ ဖြစ်သွားမည်။
လူများစွာက ပြန်လည် ဆုတ်ခွာလာကြသည်။ သူတို့က ဤနေရာမှ ထွက်ခွာပြီး အခွင့်အလမ်းများကို ရှာဖွေရန်အတွက် အခြားနေရာများသို့ ဦးတည်သွားရန် စီစဉ်ခဲ့၏။
"ဝှစ် ဝှစ်..."
ရုတ်တရက်၊ သွေးနီရောင်ဝတ်စုံဝတ် လူတစ်စုက ၎င်းတို့ကို ဝိုင်းရံလိုက်၏။ သူတို့အားလုံးက သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများ ဖြစ်တော့သည်။
"မင်းတို့ ဘာလုပ်တာလဲ။ ငါတို့လမ်းကို ဘာလို့တားတာလဲ"
တစ်ယောက်က မေးလိုက်သည်။"ငါတို့ဘာလုပ်နေတာလဲ။ မင်းတို့က ငါတို့သွေးအေးနန်းတော်နဲ့ အတူတူ လိုက်လာကြတာပဲလေ၊ မင်းတို့ တစ်ခုခုတော့ လုပ်ရမှာပေါ့။ မဟုတ်ရင် မင်းတို့ အမှိုက်တွေကို ဘာအတွက် ခေါ်လာရမှာလဲ။ သွား၊ ငါတို့အတွက် လမ်းပြစမ်း"
ထွားကျိုင်းသော အမျိုးသားတစ်ဦးက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။၎င်းက အသက်လေးဆယ်ကျော် ဖြစ်ကာ လုမင်နှင့် အခြားသူများထက် မျိုးဆက်တစ်ဝက်ခန့် အသက်ကြီး၏။ သူ၏ ချီနှင့် သွေးများက တဟုန်ထိုးတက်လာကာ အစွမ်းထက်သော အရှိန်အဝါရှိသည်။ သူ့၏ ကျင့်ကြံခြင်းအခြေခံကလည်း နားမလည်နိုင်လောက်အောင်ပင်။ ဤတစ်ကြိမ်တွင် သူက သွေးအေးနန်းတော်၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။
"ဘာ၊ မင်းက ငါတို့ရဲ့ အသက်တွေနဲ့ သွေးအေးနန်းတော်အတွက် လမ်းခင်းခိုင်းနေတာပဲ။ မဟုတ်ဘူး၊ ငါ အဲဒါကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး"
လူတစ်ယောက်က ငြင်းလိုက်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...