အပိုင်း ( 1076 ) သွေးတံဆိပ်တော်။
"မစဉ်းစားနဲ့"
စန္ဒကူးနတ်သမီးက အော်လိုက်သည်။ သူမလက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးတချို့ လွင့်စဉ်သွား၏။ ဆေးလုံးများက တောက်ပလာကာ ကျိမိသားစု၏ ကျွမ်းကျင်သူကို တိုက်ခိုက်သည့် လက်နက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။တစ်ချိန်တည်းမှာပင်၊ ခုန်းရှင်းက ကျိမိသားစုမှလူကို တိုက်ခိုက်ခဲ့သည်။ သူတို့ သုံးဦးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ခဲ့၏။
"ဝုန်း ဝုန်း"
လုမင်က အားကောင်းပြီး ကြမ်းတမ်းသည်။ဝူချန်ခုန်း ဆုတ်ခွာလာရကာ ဟင်းလင်းပြင်က ပြိုကျသွား၏။ သူက အကြွင်းမဲ့ အားနည်းသည့်ဘက်တွင် ရှိနေခဲ့သည်။
နောက်ဆုံးတွင် သူက သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်သည်။ သူက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လုမင်ကို တိုက်ခိုက်လိုက်၏။
အမှန်အတိုင်းပြောရလျှင်၊ ဝူချန်ခုန်း၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ သူသည် ရွယ်လော့ကျစ်ထက် များစွာ ပို၍အားကောင်း၏။ သူ့ကို ဘုရင်ငယ်ငါးပါးပြီးလျှင် အသန်မာဆုံး ပညာရှင်တစ်ဦးဟု ညွှန်းဆိုကြသည်မှာ အံ့ဩစရာ မရှိပေ။
သို့ရာတွင်၊ သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိနေဆဲ ဖြစ်သည်။ တူညီသောအဆင့်တွင် လုမင်က မည်သူကိုမျှမကြောက်ပေ။
"ဒုန်း ဒုန်း"
ဆက်တိုက် ထိုးကြိတ်လိုက်ပြီး ခဏအကြာတွင် ဓားက လေထဲတွင် လွင့်စဉ်ကာ တုန်ခါသွားခဲ့သည်။"မဟုတ်ဘူး၊ မင်းဘယ်သူလဲ"
ဝူချန်ခုန်းက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော တစ်စုံတစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းကို သူ မယုံနိုင်ပေ။မနီးမဝေးတွင် ခုန်းရှင်းနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ဝူချန်ခုန်းသည် အပြတ်အသတ် ဖိနှိပ်ခံခဲ့ရ၏။ တုန်လှုပ်စရာကောင်းလွန်းသည်။ ဘုရင်ငယ်ငါးပါးမှလွဲ၍ အခြားမည်သူက လုပ်နိုင်ပါမည်နည်း။
BẠN ĐANG ĐỌC
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Phiêu lưuမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...