အပိုင်း ( 1306 ) ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက် အဆင့်တက်ခြင်း။
လုမင်က တန်တန်နှင့် ပူဖောင်းလေးကို ဂရုမစိုက်တော့ပါ။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုပေါ်လာပြီး ရှဲ့နျန်ချင်းကိုပေးကာ ပြောလိုက်သည်။
"ရှောင်ချင်း၊ ဒါက သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်ပါ။ မင်း ဒါကိုယူပြီး အရင် လေ့လာလိုက်ချေ""သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကျင့်စဉ်၊ ကမ္ဘာပေါ်မှာ ဒီလို လျှို့ဝှက်ကျင့်စဥ်တွေ တကယ်ရှိတာလား"
ရှဲ့နျန်ချင်း၏ မျက်လုံးများက စူးစမ်းလိုစိတ် ပေါ်လာသည်။ သူမက ကျောက်စိမ်းပြားကိုယူပြီး သေသေချာချာ ကြည့်လိုက်၏။ ခဏအကြာတွင်၊ ရှဲ့နျန်ချင်း၏ မျက်လုံးများက အံ့အားသင့်နေသည့် အရိပ်အမြွက်တို့ လှစ်ဟလာတော့သည်။"အံ့သြစရာကောင်းတယ်၊ တကယ်ကို အံ့သြစရာပါပဲ။ ငါသာ သန့်စင်တဲ့ ဝိညာဉ်ခန္ဓာကို လေ့ကျင့်ခဲ့မယ်ဆိုရင် အနာဂတ်မှာ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်ဖို့ အခက်အခဲတွေ အများကြီး လျော့ကျသွားလိမ့်မယ်"
ရှဲ့နျန်ချင်း အသက်ပြင်းပြင်းရှူလိုက်သည်။"ရှောင်ချင်း၊ ငါတို့က ရှမ်းဟွမ်တိုက်ကြီးကို ကိုယ့်ဘာသာ ပြန်ရမှာဆိုတော့ အချိန်နည်းနည်း ကြာလိမ့်မယ်။ ဒီအချိန်ကိုသုံးပြီး လေ့ကျင့်ကြတာပေါ့"
လုမင် ပြောလိုက်၏။"အင်း၊ အဆင်ပြေပါတယ်"
ရှဲ့နျန်ချင်းလည်း ခေါင်းညိတ်ပြပြီးနောက် တောင်နှင့်မြစ်ပန်းချီကားထဲသို့ ဝင်ကာ သန့်စင်သော ဝိညာဉ်ခန္ဓာကျင့်စဥ်ကို စတင်လေ့လာလိုက်တော့သည်။လုမင်ကမူ မိုးကြိုးကြံ့အဓိပဓိ၏ နောက်ကျောပေါ်မှာပင် တင်ပျဉ်ခွေထိုင်ကာ ဆက်နေခဲ့သည်။ သူက နဝနနဂါး သွေးမျိုးဆက်ကို ထုတ်ဖော်ကာ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်၏။ သူက အဓိပဓိ သွေးအနှစ်သာရ ကိုးစက်ကို စုပ်ယူကာ စတင်သန့်စင်လိုက်တော့သည်။
လုမင်ဟာ မူလက သူ့ဘာသာသူ ခရီးထွက်ရန် စီစဉ်ခဲ့သော်လည်း ယခုတော့ အချိန်လိုနေပြီ ဖြစ်သည်။
သွေးအနှစ်သာရကို သန့်စင်ရန်က အချိန်လိုအပ်၏။ သန့်စင်သော ဝိညာဉ်ခန္ဓာကို လေ့ကျင့်ရန်ကလည်း အချိန်လိုသေးသည်။ တာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာကို ပြုစုပျိုးထောင်ရန်လည်း အချိန်လိုအပ်သည်။ သူ့အတွက် တာအိုသိုင်းပညာငါးခုကို နားလည်ရန်လည်း အချိန်လိုပေသည်။
BẠN ĐANG ĐỌC
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Phiêu lưuမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...