Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၂၁) - လင်းဟွမ် စိတ်တိုပြီး ပြောဆိုခြင်း။ကော်ချီခန်သည် လင်းဟွမ် စိုက်ကြည့်နေသည့် ပုံကို မြင်လိုက်လျှင် ကျောရိုးထဲ စိမ့်ပြီးအေးသွားကာ ချက်ခြင်းပြန်ဆုတ်ရန် လုပ်လိုက်သည်။
“မင်းက ဘာစိုက်ကြည့်တာလဲ။ မင်းက အင်ပါယာဆင်ဆာ ဖြစ်တာနဲ့ ငါတို့ထက် ပိုတော်နေတယ်လို့ ထင်နေတာလား။ ကော်ချီ မိသားစုက မင်းမျိုးမင်းနွယ်ကွ။ မင်းစော်ကားဖို့ မတတ်နိုင်ဘူး”
လစ်လျူရှုထားသော အရပ်ရှည်ရှည် ကလန်ကလား လူငယ်ထံမှ အသံထွက်လာသည်။
လင်းဟွမ်သည် ‘မင်းမျိုးမင်းနွယ်’ ဟူသော စကားကို ကြားလိုက်လျှင် မျက်မှောင် ကြုတ်သွားသည်။ ဒီကမ္ဘာပေါ်တွင် ရွှေအဆင့်ထက် မြင့်သော မိသားစုများကိုသာ ပြည့်ထောင်စုအစိုးရက မင်းမျိုးမင်းနွယ် အဖြစ် အတည်ပြုပေးထားသည်။ ယခုမှပင် ကော်ချီခန်က စိတ်ထဲရှိသည့်အတိုင်း ဘာကြောင့် ပြောဆိုနေလဲ ဆိုသည်ကို နားလည်သွားသည်။
ထိုအချိန်တွင် ကော်ချီခန်က ထူးဆန်းသည်ဟု ထင်ရသောလင်းဟွမ်ကို စပြီး မနာလို ဖြစ်လာသည်။
(အင်ပါယာဆင်ဆာ ဖြစ်ဖို့ ထိုက်တန်အောင် ဘာလုပ်ခဲ့တာလဲ။ အသက်ကဖြင့် ၁၅နှစ်ရှိနေပြီ သံအဆင့်တောင် မဟုတ်သေးဘူး။ နောက်ခံ ကောင်းကောင်း မရှိတဲ့ ဆင်းရဲသားငမွဲဆိုတာ သေချာပါတယ်။ အင်ပါယာဆင်ဆာ ဖြစ်လာရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ငါဒီနေ့ ဘာတွေရခဲ့လဲဆိုတာ မင်းကို ပြ
လိုက်မယ်)ကော်ချီခန်သည် သူ့ကိုယ်သူ ပြန်တွေးလိုက်သည်။
“ညီအစ်ကို။ မင်း မလုပ်ချင်ရင် မလုပ်ခိုင်းပါဘူးကွာ။ ဒါပေမယ့် မင်းရဲ့ သဘောထားက ရှက်စရာ ကောင်းတယ်။ ငါ့ ညီအစ်ကိုတွေက မင်းကို မကြိုက်တဲ့အတွက် ငါလည်းတတ်နိုင်တာ ဘာမှ မရှိတော့ဘူး”
ကော်ချီခန်သည် ငပါး ဖြစ်သည့်အတွက် လင်းဟွမ်က သွားရှုပ်သင့်သောလူ မဟုတ်ကြောင်း ခံစားမိနေပြီး ရှောင်လွဲရန် ကြိုးစားလိုက်သည်။
ရှောင်လွှဲရန် အကြောင်းပြချက် ပေးရခြင်းက အသားပဲ့ မပါသော်လည်း အနည်းငယ် အနေရခက်စေသည်။ ဒါသည် သူ့မိသားစုထံမှ သင်ယူခဲ့ရသော အရာများထဲမှတစ်ခု ဖြစ်သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)