အခန်း(၈၉၁) - ငါ့မှာ စစ်ကူတွေ ရှိတယ်….
လင်းဟွမ်က သွေးရဲရဲလေး သူ့ကို ပေးထားသော ကိုသြဒိနိတ် တည်နေရာကို ပျံသန်းသွားသည်။ သူ့ရှေ့တွင် ရှေးဟောင်းရဲတိုက်ကို မြင်လိုက်သောအခါ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
ကြွေလွင့်နတ်ဘုရားမြေတွင် ဤကဲ့သို့ ပြီးပြည့်စုံသော အဆောက်အဦး မရှိပေ။ ရှေးဟောင်းရဲတိုက်က အဆောက်အဦးပုံစံ ဓာတ်ကြွင်းတစ်ခုသာ ဖြစ်နိုင်သည်။
ဤမျှကြီးမားသော အဆောက်အဉီးပုံစံ ဓာတ်ကြွင်းက အလွန် ဈေးကြီးလှ၏။ အဆင့်တူ အရည်အသွေးရှိသော စစ်သင်္ဘော တစ်စီးထက် အနည်းငယ် စျေးသက်သာသော်လည်း ၎င်း၏ စျေးနှုန်းနှင့် စွမ်းဆောင်ရည် အချိုးက
စစ်သင်္ဘောထက် အနည်းငယ် နိမ့်ကျသည်။စစ်သင်္ဘော ဆိုသည်မှာ နတ်ဘုရားသတ် အမြောက်ကဲ့သို့ တိုက်ခိုက်ရေး လက်နက်တစ်ခုပင် ။ ထို့အပြင် ရွှေ့လျှားနိုင်၏။ သို့ရာတွင် စစ်သင်္ဘောတစ်စီးနှင့် နှိုင်းယှဉ်မည် ဆိုပါက ပိုမိုမြင့်မားသော ခုခံကာကွယ်မှု အပြင်
တည်ဆောက်မှုပုံစံ အဆောက်အအုံက စစ်သင်္ဘောထက် များစွာသေးငယ်ပြီး အသွင်အပြင် ပုံစံအပိုင်းမှာ အသာစီးရနိုင်သည်။သို့သော်လည်း စစ်သင်္ဘောတစ်စီးနှင့် နှိုင်းယှဉ်ပါက ဤကဲ့သို့ အဆောက်အဦးပုံစံ ဓာတ်ကြွင်းများက ကြီးမားသော လက်နက်များ သို့မဟုတ် ခရီးသွားလာနိုင်မှုများ မပါဝင်သောကြောင့် လက်တွေ့ အသုံးဝင်မှုတွင် များစွာနိမ့်ကျသည်။
အမှန်တကယ် လက်တွေ့တွင် အဆောက်အဦပုံစံ ဓာတ်ကြွင်းများက လုံးဝ အသုံးမဝင်ခြင်းတော့ မဟုတ်ပေ။ အချို့က ပို၍ လက်တွေ့ကျသည်။
လက်တွေ့ အကျဆုံးအရာမှာ လူကြိုက်များခဲ့သည့် တိုက်ပွဲခံတပ် ဖြစ်သည်။
ဤကဲ့သို့ ဓါတ်ကြွင်းထဲတွင် ကြီးမားသော လက်နက်ကြီးများ၊
အမြောက်အမြား ပါဝင်သည်။ထို့အပြင် ၎င်းက ခံတပ်ပုံစံနှင့် ရွှေ့လျားနိုင်သော ဓါတ်ကြွင်းတစ်ခု ဖြစ်သည်။
၎င်း၏ လက်တွေ့လုပ်နိုင်စွမ်းက စစ်ပွဲများထဲတွင် စစ်သင်္ဘောတစ်စင်းထက်ပင် ပို၍ မြင့်မားနေသေးသည်။ သို့သော်လည်း ၎င်း၏ ကုန်ကျစရိတ်က အဆင့်တူ စစ်သင်္ဘောများထက် ဆယ်ဆကျော် ပိုစျေးကြီး၏။ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသိကြသော တိုက်ပွဲခံတပ် ဓါတ်ကြွင်းများက ဆယ်ခုထက်နည်းပြီး အလွန် ရှားပါးကာ နတ်ဘုရားအဆင့် ဓာတ်ကြွင်းများထက်ပင် အရေအတွက် နည်းပါး၏။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)