1114 - 1120

75 5 0
                                    

အခန်း(၁,၁၁၄) - ကြီးမားလှသော ဂလက်စီ အသိုက်ကြီး….

ကောင်းကင်ပေါ်မှ အသံ ထွက်ပေါ်လာသည်နှင့် လင်းဟွမ်ရှေ့မှ မြင်ကွင်းများသည် သိသိသာသာ ပြောင်းလဲ သွား၏ ။ သူ့ခြေဖဝါးအောက်မှ အပျက်အဆီးပုံများ ပျောက်ကွယ် သွားသလို သူ့ခေါင်းပေါ်မှ မျက်လုံးတုများနှင့် အသိုက်များလည်း ပျော်ကွယ်သွားသည် ။

ထိုနေရာတွင် များပြားလှသော ကြယ်များက အစားထိုးသွားသည် ။ လင်းဟွမ်သည် ရပ်စရာ နေရာမရှိသောကြောင့် လေထဲတွင် ပျံဝဲနေရသည်။ သူ့အတွက် စိတ်သက်သာရာ အရဆုံး အချက်မှာ သူနှင့်အတူ နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ် (၇) ကောင်  ရှိနေသောကြောင့် ဖြစ်သည် ။

လင်းဟွမ်သည် အာကာသထဲကို ပထမဦးဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်သောကြောင့် အံ့အား သင့်သွားသည်။ ကမ္ဘာမြေပေါ်တွင် ရှိစဉ်က တစ်ခါမှ မသွားခဲ့ဖူးပေ။ ရုပ်ရှင်ထဲမှ အာကာသ ပုံစံကို မြင်ဖူးသည် မှလွဲ၍ အာကာသနှင့် ပတ်သက်သော အတွေ့အကြုံ လုံးဝ မရှိခဲ့ပေ ။ အမှန်တကယ်ဆို ပရော်ဖက်ရှင်နယ် အာကာသယာဉ်မှူးများမှ လွဲ၍ ကမ္ဘာမြေပေါ်ရှိ မည်သူကမှ အာကာသအား စူးစမ်း လေ့လာနိုင်သည့် အရည်အချင်း မရှိပေ ။

လင်းဟွမ်သည် ခေတ္တမျှ အံ့သြမှင်သက် နေခဲ့ပြီး မကြာခင် သူ့အသိစိတ်ကို ပြန်စည်းစုကာ စမ်းသပ်မှုထဲ ရှိနေသေးကြောင်း ပြန်သတိ ရသွားသည် ။

“ ဒါဆိုရင် ထပ်တိုး စမ်းသပ်မှုက ဘာဖြစ်မလဲ…”

လင်းဟွမ်သည် သံသယစိတ်နှင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏ ။

သူနှင့် မနီးမဝေးတွင် အရွယ်အစား အမျိုးမျိုးရှိနေသော ဂြိုဟ်အနည်းငယ်နှင့် ကြယ်အချို့ ရှိနေသည်မှလွဲ၍ အခြား ဘာမှ မရှိပေ ။ အာကာသတစ်ခုလုံးက တိတ်ဆိတ်နေပြီး ငြိမ်းချမ်း နေသည်။ ဒါသည်ပင် တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း လင်းဟွမ်က သိနေသည် ။

အသံထုတ်ပြီး မေးခွန်းမေးရန် လုပ်လိုက်စဉ် အနီးဆုံး ဂြိုဟ်တစ်ခုက သူ့ထံ ဦးတည်ပြီး ဖြည်းဖြည်းချင်း ပျံသန်းလာသည် ။ ပတ်ဝန်းကျင်တွင် အခြားကြယ်များ မရှိသလို ထိုဂြိုဟ်နှင့် အကွာအဝေးက သိပ်မဝေးသောကြောင့် လင်းဟွမ် မြင်နေသည်မှာ ဧရာမ အလုံးကြီးတစ်လုံးက သူ့ထံ တည့်တည့်  တိုးဝင်လာနေခြင်းပင်…….။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now