1211------1220

95 4 3
                                    

အခန်း(၁,၂၁၁) - သူငယ်ချင်းအားလုံး ဒီရောက်နေပြီ….

မင်းဆက်၏  ထိပ်ပိုင်း အသိုင်းအဝိုင်း အားလုံးသည် မတ်လ (၁၆) ရက်နေ့တွင် စုဝေး နေကြသည်။

ထုံးစံအတိုင်း ဟွမ်ပယွီ၊ ဟွမ်ဟုန်ရန်နှင့် မြို့စားကြီး သုံးယောက်တို့လည်း ရှိနေကြပြီး အတုယောင် နတ်ဘုရားအဆင့် မြို့စား (၁၂) ယောက်လည်း ရှိနေသည်။ လူတိုင်းက လင်းဟွမ် ရောက်လာသည်နှင့် ချက်ချင်း လှမ်းကြည့်ကြသည်။
ဟွမ်တန်ပုမှလွဲ၍ ကျန်သည့် လူအားလုံးသည် မနက်ခင်း အစောကြီးတွင် လင်းဟွမ် အစည်းအဝေး လုပ်ချင်ရသည့် အကြောင်းအရင်းကို  မသိကြပေ။

လင်းဟွမ်သည် သူ့ထိုင်ခုံတွင် ထိုင်ပြီးနောက် လူတိုင်းကို တစ်ချက် ကြည့်လိုက်
သည်။ မနက် (၉) နာရီ ထိုးခါနီးဖြစ်သော်လည်း စောင့်ရန် စိတ် မရှည်တော့ဘဲ  တိုက်ရိုက် ကြေငြာလိုက်သည်။

“ မင်းတို့ အားလုံးကို ဒီနေ့ ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ငါ
ကျောက်စရစ်ခဲ ကမ္ဘာက ထွက်သွားတော့မယ့် အကြောင်းကို အသိ ပေးချင်လို့
ပဲ..”

ထိုစကားကို ကြားလျှင် လူတိုင်း အံ့အော သင့်သွားသည်။ ဟွမ်တန်ပုသည်
အစောပိုင်း ကတည်းက သိပြီးသား ဖြစ်သော်လည်း လင်းဟွမ်က အသံကျယ်
ကျယ်နှင့် တရားဝင် ကြေငြာ လိုက်သောအခါ ခံစားချက်များကို တောင့်ခံနိုင်

ခြင်း မရှိတော့ချေ။

“ ဘယ်အချိန် ထွက်မှာလဲ..”

ဟွမ်ထုဖူက ပထမဦးဆုံး မေးလိုက်ခြင်းပင်။

“ ဒီရက်ပိုင်း အတွင်းပဲ…. ကိစ္စအနည်းငယ် ဖြေရှင်းပြီးရင် သွားတော့မယ်။

အရာအားလုံးသာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မယ်ဆို ရက် (၂၀) မကြာဘူး….. ”

“ ဒါဆိုရင် မကြာတော့ ဘူးပေါ့.. ”

အားလုံးသည် အနည်းငယ် တုန်လှုပသွား၏။

လင်းဟွမ် ကြေငြာပြီးနောက် အနည်းဆုံး တစ်လ၊ နှစ်လ ခန့်ကြာမှ ထွက်ခွာ
လိမ့်မည်ဟု ထင်နေကြသည်။

“ မင်းဆက်က အခုဆို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်နေပြီ။ ဒီမှာ

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now