အခန်း(၃၂၁) - ချော်ရည်ပူ နဂါး။
ဟင်းလင်းပြင် အပျက်အစီး နေရာ၏ မီးတောင်ငရဲ တစ်ခုထဲရှိ ချော်ရည်များ ပွက်ပွက်ဆူနေသော နေရာ……
လူငယ် (၂၈) ယောက် တန်းစီ၍ မတ်တပ် ရပ်နေကြသည်။ သူတို့ထဲတွင် ခြောက်ယောက်မှာ အမျိုးသမီးများဖြစ်ပြီး ကျန်သည့် လူအားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။
အနက်ရောင် သံကြိုးများဖြင့် ချည်နှောင်ထားကာ သူတို့အားလုံးသည် ကြောက်ရွံ့ တုန်လှုပ်နေကြသည်။
အော်ရာအရှိန်အဝါ စွမ်းအားကြီးသော မွန်းစတား ဆယ်ကောင်ကျော်က ဝိုင်းထားသည်။ သူတို့၏ အော်ရာကို အကဲဖြတ်ကြည့်ရလျှင် တပ်မှူးအဆင့်၊ အဖြူရောင် မီးလျှံအဆင့်နှင့် ခရမ်းရောင် မီးလျှံအဆင့် မွန်းစတားများ ဖြစ်ကြပြီး အစည်းအဝေး လုပ်နေပုံရသည်။
ရုတ်တရက် ချော်ရည်အိုင်ထဲမှ ကြီးမားသော ပူဖောင်းများ ထွက်ပေါ် လာပြီးနောက် ချော်ရည်အိုင်၏ မျက်နှာပြင်ပေါ်တွင် ကြီးမားသော အရိပ်တစ်ခု ပေါ်လာသည်။
အလွန်ကြီးမားသော အနက်ရောင် နဂါးကြီး တစ်ကောင်သည်
၎င်း၏အတောင်ပံများကို ခတ်ကာ ချော်ရည်ကန်အစွန်းသို့ ဆင်းသက်လာပြီး
"လွန်ခဲ့တဲ့တစ်ရက်က ငါ ညွှန်ကြားချက် ထုတ်ခဲ့တယ်။ ဒါပေမယ့် မင်းတို့က ငါ့အတွက် လူ(၂၀) ကျော်ပဲ ရှာနိုင်ခဲ့တာလား။ ဒါတောင် မင်းတို့က ငါ့ကို လာပြီး ပြောပြနေသေးတယ်ပေါ့"အနက်ရောင် နဂါးကြီးသည် ၎င်း၏ကြီးမားပြီး နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေစဉ် ခန္ဓာကိုယ်မှ ချော်ရည်များကို လှုပ်ခါချလိုက်သဖြင့် ၎င်း၏ အစွမ်းထက်သော အော်ရာက နေရာတစ်ခုလုံး လွှမ်းမိုးသွားသည်။
မွန်းစတားများသည် ခေါင်းငုံ့ထားကြပြီး ချော်ရည်ပူ နဂါးကြီးနှင့် မျက်လုံးချင်းဆုံအောင် မကြည့်ရဲကြပေ။
ထိုအချိန်၌ လူ (၂၈) ယောက်သည် မတ်တပ်ရပ်ရန် ခွန်အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ ခွေလဲ ကျကုန်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းမပုံစံ အရိပ်ကဲ့သို့ဖြစ်နေသော မွန်းစတား တစ်ကောင်က စကားပြောလိုက်သည်။ သူမ၏ အသံသည် ချိုသာပြီးနူးညံ့ကာ မိန်းမ တစ်ယောက်ကဲ့သို့ပင်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)