အခန်း(၃၆၁) - သိုင်းပညာ မုဆိုးကောလိပ်။
စိမ်းဖန့်ဖန့် မိုးကြိုးသိန်းငှက် အတွက် ချိတ်ဖွင့်ခြင်း လုပ်ငန်းစဉ်က မရှုပ်ထွေးပေ။ လိုအပ်သည်မှာ ရှေးခေတ် ငှက်မွန်းစတား၏ သွေးစက်သုံးစက်သာ
ရှေးခေတ်ကတည်းက တည်ရှိခဲ့သော မွန်းစတားများ မဟုတ်သော်လည်း ၎င်းတို့ ကိုယ်ထဲတွင် ရှေးခတ်အချိန်က တည်ရှိခဲ့သော မွန်းစတားများ၏ ရှေးခတ် သွေးမျိုးဆက်များ စီးဆင်းနေခြင်းကို ဆိုလိုသည်။
နဂါးများ၊ ဖီးနစ်များနှင့် ဂဠန်များကဲ့သို့ ဒဏ္ဍရီလာသတ္တဝါများသည် ဤကဲ့သို့ မွန်းစတား အမျိုးအစားထဲတွင် ပါဝင်သည်။ ရှေးခေတ် မွန်းစတားအများစုတွင် ကြောက်မက်စရာ သွေးများ ပါလာသောကြောင့် ၎င်းတို့သည် အစွမ်းထက်သော သဘာဝနှင့် မွေးဖွားလာကြသည်။
သန္ဓေ မပြောင်းထားသော နဂါးတစ်ကောင်ပင် ၎င်းတို့ ငယ်စဥ် ကလေး ဘဝကတည်းက သန္ဓေသုံးကြိမ်ပြောင်း သာလွန်မွန်းစတားများနှင့် ယှဥ်နိုင်သော စွမ်းရည်များ ပိုင်ဆိုင်ကြသည်။ အလားတူပင် ဖီးနစ်နှင့် ဂဠန်သွေးများရှိသော မွန်းစတားများလည်း အစွမ်းထက်သော သဘာဝနှင့် မွေးဖွားလာကြသည်။
“ရှောင်ဖိန်၊ သန္ဓေတစ်ကြိမ်တောင် မပြောင်းရသေးတဲ့ ရှေးဟောင်း မွန်းစတား တစ်ကောင်ရဲ့ သွေးကို မိုးကြိုးသိမ်းဌက် ချိတ်ဖွင့်ဖို့အတွက် သုံးလို့ရလား”
မှောင်ခို ဈေးကွက်မှ ထွက်လာသည်နှင့် လင်းဟွမ်က မေးလိုက်ရာ
“ရတယ်။ မင်း လုပ်လို့ရတယ်။ ဒါပေမယ့် အရည်အသွေး မြင့်လေ ပိုကောင်းလေပဲ”
“အဲ့ဒါက မွန်းစတားတစ်ကောင်ထဲက ဆိုရင်ရော ရလား။ ဒါမှမဟုတ် မတူတဲ့ ရှေးခတ်မွန်းစတား သုံးကောင် လိုတာလား”
“အမျိုးအစား တူတဲ့ ရှေးခတ် မွန်းစတား ဖြစ်ရမယ်။ ရှေးခတ် မွန်းစတား တစ်ကောင်ထဲက ရရင်တော့ အကောင်းဆုံးပေါ့”
“ကောင်းပြီလေ”
လင်းဟွမ် မှတ်ထားလိုက်သည်။
ကြမ်းတမ်း ဓါးသခင်အတွက် ဓါးအမျိုးအစား မွန်းစတားများကို ရှာဖွေရန်နှင့် ရှေးခတ် ငှက်မွန်းစတားများ အကြောင်း သတင်း အချက်အလက်ကို စုံစမ်းရန်အတွက် မှောင်ခို စျေးထဲရှိ သတင်းဖလှယ်ရေး စတိုးဆိုင်သို့ သွားခဲ့ခြင်းပင်
ရှေးခတ် မွန်းစတားများ၏ သွေးမျိုးဆက်နှင့် ပတ်သက်၍ ဘာမှ မသိခဲ့ရသော်လည်း သန္ဓေနှစ်ကြိမ်ပြောင်း ဓါးအမျိုးအစား မွန်းစတားများနှင့် ပက်သက်၍ သတင်း အချက်အလက်အချို့ ရရှိခဲ့သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)