အခန်း(၅၄၁) - စက္ကန့်ပိုင်းလေးအတွင်း နောက်တစ်ကြိမ် သတ်ဖြတ်ခြင်း။
နောက်ဆုံး၌ လင်းဟွမ်သည် သူ၏စစ်မှန်သော အစွမ်းကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီး၊ ရွှေမီးလျှံအဆင့် မွန်းစတား သုံးကောင်ကို ကြက်ကလေး သုံးကောင် သတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်လိုက်သည်။
လင်းဟွမ်ကို အာရုံစိုက်နေသော အားတီသည် အံ့အောထိတ်လန့်စွာ နောက်တစ်ကြိမ် စိုက်ကြည့် နေပြီး
"သူက... အထွတ်အထိပ် ပါရမီရှင်လား"
အားတီနှင့် ကျန်သည့်လူများသည် နေရာအနှံ့ ခရီးလှည့်လည် သွားခဲ့ဖူးသော်လည်း သန္ဓေနှစ်ကြိမ်ပြောင်း ရွှေမီးလျှံအဆင့် မွန်းစတားများကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်နိုင်သည့် အဖြူရောင် မီးလျှံအဆင့်ကို တစ်ခါမှ မကြားခဲ့ဖူးပေ။ အထွတ်အထိပ် ပါရမီရှင်များကသာ လုပ်နိုင်ပေလိမ့်မည်။
လင်းဟွမ်သည် ရွှေမီးလျှံအဆင့် မွန်းစတား သုံးကောင်ကို သတ်ဖြတ်ပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ မွန်းစတားအုပ်ထဲတွင် ပုန်းအောင်းနေသော လူသားများကို ရှာဖွေနေသည့် သန့်ရှင်းမီးလျှံအဆင့် မွန်းစတား တစ်ရာကျော်ကို တွေ့လိုက်ရသည်။မူလက လင်းဟွမ်ကို ကယ်တင်ချင်ခဲ့သော အားတီသည် ယခုအခါ၌ ရွှေမီးလျှံအဆင့် မွန်းစတားလေးကောင်၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရသည်။ ကျန်သည့်လူများက မွန်းစတား အုပ်ထဲတွင် ပုန်းနေကြဆဲပင်။
"ပိုင်၊ ကိုင်လီ မွန်းစတားအုပ်ကြီးကို မေ့လိုက်တော့။ သန့်ရှင်းမီးလျှံအဆင့် မွန်းစတားတွေကို အမြန် ဖြေရှင်း။"
လင်းဟွမ်က သူ့ညွှန်ကြားချက်ကို ချက်ချင်း ပြောင်းလိုက်သည်။
လင်းဟွမ်သည် သာလွန်အဆင့် မွန်းစတားများနှင့် မတိုက်ခိုက်ခင် မွန်းစတားများ၏ အရေအတွက်ကို တတ်နိုင်သမျှ လျှော့ချချင်ခဲ့သည်။
သို့သော်လည်း ယခုအခါ၌ သာလွန်အဆင့် မွန်းစတားများက တိုက်ပွဲထဲ ပါဝင်လာသောကြောင့် မွန်းစတားများနှင့် လူသားများကြားက အချိုးသည် ငါးချိုး၊ တစ်ချိုး ကျော်သွားခဲ့ပြီး မွန်းစတားများဘက်မှ တိုက်ခိုက်နေသော
အရေအတွက်က များပြားလှသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)