1221-----1230

75 5 0
                                    

အခန်း(၁,၂၂၁) - လိပ်ပြာမင်း နားခိုရာ...

နားခိုရာ အမှတ် (၇) ရှိ ဟိုတယ် အခန်းထဲတွင် မျက်လုံးမှိတ်ထားသော သွေးရဲရဲလေးက ရုတ်တရက် မျက်လုံး ဖွင့်လာသည်။

" နောက်ဆုံးတော့ တစ်ယောက်ယောက် ငါတို့ဆီ ရောက်လာပြီ..."

ခန္ဓာကိုယ်ထဲမှ နတ်ဘုရား ဦးခေါင်းများကို သန့်စင်နေသော လင်းဟွမ်လည်း
မျက်လုံး ပွင့်လာသည်။

" စာရင်းထဲက မွန်းစတား တစ်ကောင် တွေ့လား..."

" တွေ့ပြီ..."

လင်းဟွမ်က ခြေထောက် တစ်ထောင်ရှိသော ကင်းခြေများ ပုံရိပ်ကို ထုတ်ဖော်
ပြသပြီး အတည် ပြုလိုက်သည်။

" ခြေထောက်တစ်ထောင် ကင်းခြေများက ကြီးမားတဲ့ အင်းစက် မွန်းစတား
ပဲ..."

ကြီးမားလှသော ခရမ်းရောင် ဦးခေါင်းကြီးရှိကာ ကြမ်းတမ်း ရက်စက်လှသည်။
ခန္ဓာကိုယ်က အဆစ် အဆက်ဆက်များနှင့် တည်ဆောက်ထား၏။ သူ့
နောက်ကျောတွင် ဖုံးအုပ်ထားသော အနက်ရောင် အရိုးစုနှင့်တူပြီး အရှည်
အမျိုးမျိုးရှိသော ဆူးချွန်များ ရှိနေသည်။ ထူထပ်ပြီး သွေးများ စီးကျနေသော

ခြေထောက်များက သူ့ခန္ဓာကိုယ်ထဲမှ ထိုး ထွက်နေသည်။

ဤခြေထောက်တစ်ထောင် ကင်းခြေများသည် ယခင်က လင်းဟွမ် မြင်ဖူး
သမျှ မွန်းစတားများထဲတွင် အရုပ်အဆိုးဆုံး သုံးကောင်ထဲ ပါဝင်သည်။

" ခြေထောက် တစ်ထောင် ကင်းခြေများ..."

လင်းဟွမ်သည် သွေးရဲရဲလေးက မွန်းစတားပုံစံ ရုပ်ဖျက်ရန်အတွက်
ခြေထောက် တစ်ထောင် ကင်းခြေများအား ရွေးချယ်ထားသည်ကို မြင်လျှင်
ကြိတ်ပြီး တုံ့ဆိုင်းသွားသည်။

ခြေထောက် တစ်ထောင် ကင်းခြေများသည် သူ့အတွက် စိမ်းတော့ မစိမ်းပေ။
အရှည် မီတာ တစ်ထောင်ကျော်သော ဧရာမကိုယ်ထည် ရှိသည့် အင်းစက်မွန်း
စတား တစ်မျိုးပင်။ အနည်းဆုံး ခြေထောက်အတွဲ (၁,၂၀၀) ကျော် ပါရှိ

သောကြောင့် ဤမွန်းစတားကို ခြေထောက် တစ်ထောင် ကင်းခြေများဟု ခေါ်
ကြခြင်းပင်။

You've reached the end of published parts.

⏰ Last updated: Oct 09 ⏰

Add this story to your Library to get notified about new parts!

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now