1131----1140

40 3 0
                                    

အခန်း(၁,၁၃၁) - ငြင်းခုန်မှုနှင့် သဘောထား…

လင်းဟွမ်က ရှုချီဟွာနှင့် ပြုလုပ်သည့်  တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူး အစီအစဉ်ထဲတွင် သူ့အထောက်အထား နှစ်မျိုးကိစ္စနှင့် လူအများ သံသယဝင်နေသော မေးခွန်း တော်တော်များများကို ဖြေပေးခဲ့သည် ။

သာမန် အခြေအနေ အရဆိုလျှင် မြေအောက်အဖွဲ့အစည်း အဖွဲ့ဝင် ဖြစ်နေကတည်းက အပြင်လောကအတွက် အမြင်ဆိုးနေပြီ ဖြစ်သောကြောင့် ခေတ်တစ်ခုလုံးကို အုပ်စိုးနိုင်သော နံပါတ်တစ် ပါရမီရှင်အဖြစ် လက်ခံချင်ကြမည် မဟုတ်ပေ။

အချို့ နေရာများဆိုလျှင် မကောင်းမှု တစ်ခုခုကြုံလာတိုင်း မြေအောက် အဖွဲ့အစည်းက လုပ်သည်ဟု ယူဆတတ်ကြသည်။ ထို့အပြင် ဤရာစုနှစ်ပေါင်း တစ်လျှောက်တွင် သူတော်စင်နှင့် နတ်ဘုရားကောင်းချီး အဖွဲ့များ ပြုလုပ်ခဲ့သော အရာများကလည်း အမှန်တကယ် ကြောက်စရာ ကောင်းလှသည်။

ထို့ကြောင့် မုန်းတီးနေသည့် လူများကို မည်သူမှ အပြစ် မတင်နိုင်ချေ။

သို့သော်လည်း ဤ တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူး အစီအစဉ်အတွင်းတွင် လင်းဟွမ်၏ ရိုးသားမှုက လူအများ၏  နှလုံးကို   သိမ်းပိုက်နိုင်ခဲ့သည်။

ပထမအချက် အနေနှင့် သူ၏ ကိုယ်ပိုင် အကျိုးအမြတ်အတွက် သူ၏
အထောက်အထား နှစ်ခုကို     ဖုံးကွယ်ထားခြင်း  မရှိပေ။ ထိုအစား ရန်သူ၏    သတ်ဖြတ်မှုကို   ရှောင်ရှားနိုင်စေရန် မလွှဲသာ  မရှောင်သာ အသုံးပြုခဲ့ရခြင်း ဖြစ်ကြောင်းကိုလည်း သေသေချာချာ ရှင်းပြ ပေးခဲ့သေးသည်။

ဒုတိယအချက် အနေနှင့် သူ ဧကရာဇ် ဖြစ်လာသည့် အချိန်ကတည်းက မင်းဆက်၏ ပြုပြင်ပြောင်းလဲမှု လမ်းစဉ်ကို ချမှတ်ပြီး စည်းကမ်းစည်းမျဉ်း အသစ်များ ချမှတ်ခဲ့သည်။ ဤ  ကြိုးစား   အားထုတ်မှုက လေးစားထိုက်သည်  မဟုတ်ပါလား။

လူတိုင်းက သူ့အကြောင်း ပြချက်ကို မျက်လုံးမှိတ်၍   ယုံကြည်ကြသည်တော့   မဟုတ်ပေ။

အချို့က  လင်းဟွမ်ကို ကိုယ်ချင်းစာ တရားထားရန် တောင်းဆိုနေကြသလို အချို့ကလည်း စည်းမျဉ်းအသစ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန်  တောင်းဆို  နေကြသည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now