အခန်း(၁,၀၀၁) - အမှောင်ထဲက ချောင်းနေသူများ..
လင်းဟွမ်သည် အနိမ့်အမြင့် ဒိုင်မေးရှင်းထဲတွင် ပုန်းအောင်းနေပြီး ထွင်းဖောက်မြင်ရသည့် အလွှာ ဖုံးကွယ်ထားသော ခပ်လှမ်းလှမ်းရှိ လေသင်္ဘော၏ စင်မြင့်ပေါ်မှ အရာအားလုံးကို စောင့်ကြည့် နေခဲ့သည်။
အလွှာ ဖုံးအုပ်ထားသောကြောင့် လူအများ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူတို့၏ တိုက်ခိုက်ရေး အဆင့်များနှင့် စွမ်းရည်များကိုမူ ရှင်းရှင်းလင်းလင်း အာရုံခံမိနေသည်။
" ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်းထဲမှာ နတ်ဘုရားတစ်ပိုင်း ဘယ်လောက်
တောင် ရှိနေတာလဲ"ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်းထဲတွင် နတ်ဘုရားတစ်ပိုင်း (၁၄) ယောက်ရှိ
နေသည်ကို မြင်နေရသဖြင့် ထိတ်လန့် သွားခြင်းပင်။အစောပိုင်းတုန်းက ခရမ်းရောင် ကျီးကန်း အဖွဲ့အစည်းတွင် အများဆုံးမှ နတ်
ဘုရားတစ်ပိုင်း လေး၊ ငါးယောက်သာ ရှိလိမ့်မည်ဟု သူထင်ခဲ့မိသည်။ ယခု
လက်တွေ့တွင်မူ သူမျှော်လင့် ထားသည်ထက် သုံးဆ ပိုများနေ၏။“ ဇုန်တိုင်းက နတ်ဘုရားတစ်ပိုင်းတွေ အားလုံး ဒီနေရာမှာ စုဝေးနေကြတာ နေ
မှာပေါ့ ”“အိုး၊ သူတို့ ရှိရှိသမျှ အကုန် ထုတ်သုံးနေတာပဲ"
သွေးရဲရဲလေးက ပြုံးပြီး ပြောလိုက်သည်။
“ဘယ်လို လုပ်မလဲ… အရေအတွက်က ငါတို့ ထင်ထားတာထက် အများကြီး
ပိုများနေတော့ ”
" နတ်ဘုရားတစ်ပိုင်း (၁၄) ယောက်ထဲမှာ အများစုက ဒီလပိုင်းအတွင်းမှ
အဆင့် တက်ထားတာ "ကျောက်ပြား၏ အသံက ရုတ်တရက် ထွက်ပေါ် လာ၏။
“ သူတို့ထဲက တချို့ဆို သူတို့ရဲ့ နတ်ဘုရားတစ်ပိုင်း အော်ရာကိုတောင်
အပြည့်အဝ တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး ”လင်းဟွမ်သည် ကျောက်ပြား၏ စကားကို ကြားပြီးနောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်မိသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)