အခန်း(၇၇၁) - အမှောင် သူရဲကောင်း
“အဆင့် (၉) ဆင့်ကျော် အဆင့်ကျော် သတ်ဖြတ်မှု အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဒ် ကံစမ်းမဲကတ် (၆၀)”
“မော်ကွန်းအဆင့် မွန်းစတားကတ် - အမှောင် သူရဲကောင်း (ဝိညာဉ်) နှစ်ကတ် ရတဲ့အတွက် ဂုဏ်ပြုပါတယ်”
မကြာခင် ရှောင်ဖိန်ထံမှ အကြောင်းကြားချက် ထွက်ပေါ်လာလျှင် လင်းဟွမ် မျက်မှောင်ကြုတ်သွားသည်။ နောက်ဆုံး သတ်ဖြတ်ပြီးနောက် မွန်းစတားကတ် အပြည့်အစုံ နှစ်ကတ် ရလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ ဆုလာဒ် နှစ်ဆကတ်ကြောင့် မွန်းစတားကတ် နှစ်ကတ် ရနိုင်ခဲ့သည်။
လင်းဟွမ်သည် ဂန္ဓဝင်အဆင့် မွန်းစတားကတ် အများအပြားကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သောကြောင့် သန္ဓေနှစ်ကြိမ်ပြောင်း မော်ကွန်းအဆင့် မွန်းစတားကတ်ကို စိတ်မဝင်စားပေ။ မွန်းစတားကတ်ကို တစ်စေ့တစ်စောင်း ကြည့်ပြီးနောက် သိမ်းလိုက်သည်။
ကတ်ရှေ့တွင် ထူးခြားချက် မရှိပေ။ မွန်းစတား၏ ပုံပန်းသဏ္ဍာန်မှာ ခန္ဓာကိုယ် အစစ်အမှန်နှင့် တူ၏။ နှစ်ကောင်လုံးမှာ လက်ထဲတွင် ရှည်လျားသော အနက်ရောင် လှံတစ်ချောင်းစီ ကိုင်ထားသည်။ အနက်ရောင် ချပ်ဝတ်တန်ဆာပါရှိပြီး လူသားပုံစံ မွန်းစတားများ ကဲ့သို့ပင်။
လင်းဟွမ်သည် တစ်ချက် ကြည့်ပြီးနောက် ကတ်နောက်ဘက်လှန်၍ မွန်းစတား ပိုင်ဆိုင်သော စွမ်းရည်များကို ကြည့်ချင်သည်။
ပထမဦးဆုံး ဖော်ပြချက်ကို ဖတ်ပြီးသည်နှင့် လင်းဟွမ်က စွမ်းရည်တစ်ခုကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။ ခဏအကြာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဒီလို အရည်အချင်းမျိုး ဘယ်လို ပိုင်ဆိုင်တာလဲ”
လင်းဟွမ်သည် တိုက်ပွဲထဲတွင် ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့သော အမှောင်သူရဲကောင်းက ဤကဲ့သို့ ဆွဲဆောင်မှုရှိသည့် စွမ်းရည်မျိုး ပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အမှောင်သူရဲကောင်းက လူသား မဟုတ်တဲ့ မွန်းစတားတွေကို စီးနှင်းနိုင်တယ်။ စီးနှင်းမှုမှာ အမှောင်သူရဲကောင်းက သူရဲ့စွမ်းရည် အစစ်အမှန်ကို ထုတ်လွှင့်နိုင်ပြီး စီးတော်ယာဉ် မွန်းစတားရဲ့ တိုက်ခိုက်ရေးအဆင့်က တစ်ဆင့်ကနေ သုံးဆင့်အထိ မြင့်တက်သွားနိုင်တယ်။ စီးတော်ယာဉ် မွန်းစတားရဲ့ အဆင့်အတန်းနဲ့ တိုက်ခိုက်ရေးအဆင့်ကို စီးတော်ယာဉ် မွန်းစတားပေါ်မှာ ရှိတဲ့ အမှောင်သူရဲကောင်းနဲ့ စွမ်းအားချင်း မျှဝေနိုင်တယ်”
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)