1031-----1035

105 13 0
                                    

အခန်း(၁၀၃၁) - သတ်ဖြတ်တာနဲ့ တိုက်ခိုက်တာက ငါ့ရဲ့ဂုဏ်သိက္ခာနဲ့ မကိုက်ဘူး

“အမေ…”

ပွန်းပဲ့နေသော အလောင်းကောင်သည် ထွင်းဖောက် မြင်နေရသော မှန်ကို မ
ရိုက်တော့ဘဲ လှုပ်ရှားမှုကို  ရပ်တန့်လိုက်၏ ။

ထိုအခိုက်အတန့်တွင် တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အမျိုးသမီးတစ်
ယောက်က ခြင်္သေ့တစ်ကောင်ကဲ့သို့ မာန်ပါပါ  ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။

ထိုအမျိုးသမီးကို ကြည့်ရသည်မှာ အသက် (၃၀) အစောပိုင်းသာ ရှိသေးပြီး
ငယ်ရွယ်၍ မရင့်ကျက်သော အငွေ့အသက်ကို သယ်ဆောင်ထားသည်။ သူမ ဝင်လာပြီးပြီးနောက် တံခါးက အလိုလို ပိတ်သွား၏။

ပွန်းပဲ့ အလောင်းသည် အမျိုးသမီးကို ကြည့်ပြီး ကြောက်ရွံ့ နေပုံရသည်။ ခေတ္တ
မျှ တုံ့ဆိုင်း သွားပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

“ အမေ… ဒီဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းတုန်းက လင်းဟွမ်ကို
လက်စားချေတဲ့ အချိန်      လွှတ်ပေးမယ်လို့   အမေ ကတိပေးခဲ့တယ်လေ။ အခု ငါ့ခန္ဓာကိုယ်က ပြီးပြည့်စုံအောင် ပေါင်းစပ်ပြီးသွားပြီ။ လင်းဟွမ်ရှိတဲ့ နေရာကိုလည်း ငါ ရှာတွေ့ပြီ။ အဖွဲ့ခွဲ (၁) ကို သွားပြီးတော့  လက်စားချေမှကို   ရမယ်…”

“  ရှန်းအာ…  ငါမင်းကို  ကတိပေးခဲ့တယ်… ”

နှင်းဆီရောင် ဝတ်ထားသော အမျိုးသမီးက ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်ချလိုက်
ပြီး သူမဘေးက နေရာကို လက်နှင့်ပုတ်ပြကာ သူမ၏သားကို ဘေးတွင်  လာထိုင်ရန်  အမူအရာပြလိုက်သည်။

ပွန်းပဲ့အလောင်းသည် ခြေတစ်လှမ်းတည်းနှင့် ဆိုဖာထိုင်ခုံပေါ် ရောက်သွား၏ ။
ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်ပြီးနောက် နှင်းဆီရောင် ဝတ်ထားသော အမျိုးသမီးကို  လှမ်းကြည့်လိုက်သည်။

“ အခြေအနေတွေက အရင်တုန်းကနဲ့ မတူတော့ဘူး…”

အမျိုးသမီးက စကား ဆက်ပြောလိုက်၏ ။

“ အရင်တုန်းက လင်းဟွမ်မှာ ကျောထောက်နောက်ခံ လုံးဝ မရှိဘူး။ သူက
အရည်အချင်းရှိပြီး တစ်မူ ထူးခြားနေတယ် ဆိုရင်တောင် သူတို့ သတ်လိုက်လို့ ဘာမှ မဖြစ်သွားဘူး….။ အခု သူက မင်းဆက်ရဲ့ ဧကရာဇ် ဖြစ်နေပြီ… အများလေးစားရတဲ့ မြေအောက် ခေါင်းဆောင်ကြီး ဖြစ်နေပြီ… “

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now