အခန်း(၅၁၁) - ရှောင်ဖိန်၏ စွမ်းရည်။
“အဆင့် သုံးဆင့်ကျော် သတ်ဖြတ်မှု အောင်မြင်သွားတဲ့အတွက် ဆုကြေး ကံစမ်းမဲကတ် (၃၀) ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”
လင်းဟွမ်သည် ရှောင်ဖိန်ထံမှ အကြောင်းကြားချက်ကို ထွက်ပေါ်လာသည့်အချိန်၌ နာရီကို ကြည့်နေသည်။
“ငါးမိနစ်လောက် ကြာတယ်။ အခုလက်ရှိ အခြေအနေကိုကြည့်ရတာ အချိန်က လုံလောက်ရုံပဲ ရှိတယ်။ ကြည့်ရတာတော့ အကူအညီ လိုနေပြီ”
လင်းဟွမ် မျက်မှောင်ကြုတ်လိုက်သည်။ တိုက်ပွဲနှစ်ခု ပြီးဆုံးခဲ့သည်။ ထိုတိုက်ပွဲ နှစ်ခုလုံးတွင် မိစ္ဆာသုံးကောင်က ကူညီနိုင်မည့် နည်းလမ်း ရှာမတွေ့သဖြင့် တိုက်ပွဲများက အချိန်ပိုယူခဲ့ရသည်။
အကယ်၍ လင်းဟွမ်သာ ပင့်ကူမှော်ဆရာ အမ အပေါ်တွင် မိုးကြိုးဆူး ဓါးအကွက်ကို အသုံးမပြုခဲ့ပါက တိုက်ပွဲသည် အလွယ်တကူ ပြီးဆုံးခဲ့မည် မဟုတ်ချေ။
လင်းဟွမ်သည် မတ်တပ်ရပ်နေရင်း တိုက်ပွဲ အတွေ့အကြုံကို တိတ်တဆိတ် ပြန်သုံးသပ်နေသည်။ ထို့နောက် ဓါးနှင့်ပင့်ကူမှော်ဆရာ အမ အလောင်းကို သိမ်းလိုက်ပြီး နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်သည်။
“သွားရအောင်”
လင်းဟွမ်သည် မိစ္ဆာသုံးကောင်ကို လက်ပြလိုက်ပြီး နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းထဲ ဝင်သွားသည်။ သတ်ဖြတ်မှုနှစ်ခု ပြုလုပ်ပြီးနောက် အခြေခံအားဖြင့် အင်မော်တယ်အဆင့် (၂) မွန်းစတားများ၏ အကြောင်းကို နားလည်လာသည်။
ထို့အပြင် မွန်းစတား တစ်ကောင်ချင်းစီ၏ အားနည်းချက်များနှင့် အားသာချက်များကို သွေးရဲရဲလေး၏ အကူအညီနှင့် သိရှိခဲ့ပြီး မွန်းစတားခုနစ်ကောင်ကို နာရီဝက်အတွင်း သတ်ဖြတ်နိုင်ခဲ့သည်။
“(၂၃) မိနစ် ကျန်သေးတယ်။ အားလုံးကို ကုန်အောင် သတ်နိုင်ရမယ်..”
လင်းဟွမ်သည် တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲ အနိုင်ရလာသဖြင့် စိတ်လှုပ်ရှား နေသည်။ နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းထဲ ဝင်သွားပြီးနောက် ကျွန်းတစ်ကျွန်းပေါ်တွင် ပြန်ပေါ်လာသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)