အခန်း(၃၀၁) - မွန်းစတားများကြားမှ ဆက်ဆံရေး။
လင်းဟွမ်သည် မီးဖီးနစ်ဌက်ကို အမဲလိုက်ရန် သွားနေစဥ် ရီရီယွီနှင့် လီလန်တို့ကို ဘာကြောင့် ဤမျှ အလျှင်လိုနေရကြောင်း ရှင်းပြလိုက်သည်။
“မီးဖိနစ်ဌက် ပေါ်လာတာ တစ်နာရီ ခွဲရှိပြီ။ အဲ့ဒါကြောင့် အဲဒီနေရာမှာပဲ ဆက်ရှိမလားဆိုတာ မသေချာဘူး”
လင်းဟွမ်ရှင်းပြသော စကားကို ကြားပြီးနောက် ရီရီယွီက
“အဲ့ဒါ အမှန်ပဲ။ မီးဖီးနစ်ဌက်က သွေးရဲရဲလေးရဲ့ ထောက်လှမ်း မျိုးစေ့အကြောင်းကို သိပြီး ခြေရာဖျောက် သွားနိုင်တယ်။ အခုလက်ရှိ မီဖီးနစ်ဌက် ဘယ်မှာရှိလဲဆိုတာ တိတိကျကျ သိနိုင်မယ့် နည်းလမ်း မရှိဘူး”
လင်းဟွမ်က ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။“ဒါကို သိသိချင်း မင်းတို့နှစ်ယောက်ဆီ အပြေး လာခဲ့တာပဲ။ မီးဖီးနစ်ဌက်က တစ်နာရီကို ကီလိုမီတာ နှစ်ထောင်ကျော်နှုန်းနဲ့ ပျံသန်းနိုင်တယ်”
ငါတို့ အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမလဲ”ရီရီယွီက မေးလိုက်လျှင်
“ကီလိုမီတာ တစ်ထောင်ကျော်လောက်ပဲ ဝေးတယ်။ တစ်နာရီလောက်တော့
ကြာလိမ့်မယ်”“ငါတို့ အဲ့ဒီကိုရောက်ရင် မီးဖီးနစ်ဌက်ကို ဘယ်လိုသတ်ကြမလဲ။ ဒါက ငါတို့ နောက်ဆုံးတွေ့ခဲ့တဲ့ မျှော်လင့်ချက် အရိုးဝိညာဉ် ထက်တောင် ပိုပြီး အစွမ်းထက်တဲ့ သန္ဓေ နှစ်ကြိမ်ပြောင်း မွန်းစတားတစ်ကောင်ပဲ”
လီလန်က မည်သူမျှ လျစ်လျူမရှုနိုင်သော လက်တွေ့ကျသည့် မေးခွန်းကို ထမေးလိုက်သည်။
“မစ္စရီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက မီးဒြပ်စင် မွန်းစတားအားလုံးကို ထိန်းချုပ်နိုင်ရင်
အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ ဒါပေမယ့် သူ မလုပ်နိုင်ရင် ငါတို့ ဘာလုပ်ကြမလဲ”လင်းဟွမ်နှင့် ရီရီယွီတို့လည်း တိတ်ဆိတ် နေကြသည်။
တစ်နာရီ ကြာသောအခါ သူတို့ဦးတည်ရာသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင်
တိတ်ဆိတ်မှုလည်း ပျောက်ကွယ်သွား၏။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)