Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၇၆) - ဒိဌိများနှင့် တွေ့ဆုံခြင်း။နတ်ဆိုးလေးကျွန်း၏ မနက်ခင်းတွင် နေသာ နေသည်။
ကျွန်း၏နာမည်သည် နားထောင်ရ အဆင် မပြေသော်လည်း လှည့်ပတ်သွားလာနေသော မွန်းစတား များစွာရှိနေပြီး အပင်များနှင့် စိမ်းလန်းစိုပြေ နေသည်။
မနက်ခင်း လေထုထဲတွင် လတ်ဆတ်သော ပန်းရနံ့များ ပြည့်နှက်နေသည်။
မနက် (၇) နာရီတွင် လင်းဟွမ်သည် နိုးလာပြီး တဲထဲမှထွက်လာကာ အသက် ခပ်ပြင်းပြင်းလေး တစ်ချက်ရှူကာ ခန္ဓာကိုယ် အပျင်းကြောတစ်ချက် ဆန့်လိုက်သည်။
“အား...လေထုက လတ်ဆတ်လိုက်တာ”
ကိုယ်လက် သန့်ရှင်းရေးလုပ်ပြီးနောက် မနက်စာ အဆာပြေ စားလိုက်သည်။
ထို့နောက် တဲကိုသိမ်းကာ အစိမ်းရောင် ဝံပုလွေကို ဆင့်ခေါ်လိုက်သည်။ လင်းဟွမ်သည် အစိမ်းရောင်ဝံပုလွေကို စီးနှင်းပြီး ကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်လိုက်သည်။ ကျွန်းသည် အကြီးကြီး မဟုတ်သောကြောင့် အလက်ဇန္ဒြား
လင်းယုန်ကို ဆင့်မခေါ်ခဲ့ပေ။ အစိမ်းရောင်ဝံပုလွေ၏ အရှိန်ဖြင့် သူ၏ဦးတည်ရာသို့ နာရီဝက်အတွင်း ရောက်ရှိနိုင်သည်။လင်းဟွမ်သည် သွေးပူ လေ့ကျင့်ခန်း လုပ်သည့်အနေဖြင့် မနက်နိုးလာပြီး ကတည်းက လမ်းတစ်လျှောက်တွင် တွေ့ခဲ့သော မွန်းစတားအချို့ကို
သတ်ဖြတ်ခဲ့သည်။တောထဲတွင် ကီလိုမီတာ (၂၀) ကျော် စီးနှင်းလာပြီးနောက် လမ်းတစ်လျှောက် တွေ့ခဲ့သော မွန်းစတားအားလုံးကို ဓါးနှင့် အလွယ်တကူ သတ်ဖြတ်ခဲ့သည်။ အစိမ်းရောင်ဝံပုလွေက ၎င်း၏ အမြန်နှုန်းကို လျှော့ချပေးရန် မလိုအပ်ခဲ့ပေ။
လင်းဟွမ်သည် အစိမ်းရောင်ဝံပုလွေ၏ ကျောကို လက်နှင့် ရုတ်တရက် ပုတ်လိုက်ရာ ချက်ချင်း ရပ်တန့်သွားသည်။ လင်းဟွမ် ညာဘက် လက်ခလယ်ရှိ ငွေလက်စွပ်သည် မွန်းမံထားသော ငွေဖီးနစ် (၁၆) သေနတ်အဖြစ် ပြောင်းလဲသွားပြီး ညာလက်တွင် ကိုင်ထားသည်။ ဒါသည် ယခင်က ခရမ်းရောင် ကျီးကန်း အဖွဲ့စည်းထဲတွင် စုဆောင်းထားခဲ့သော ရမှတ်များဖြင့် ဝယ်ယူထားသော သေနတ် ဖြစ်သည်။ အစိမ်းရောင်ဝံပုလွေကို ပြန်သိမ်းပြီ ခန္တာကိုယ်ကို တစ်ပတ်လှည့်ကာ သစ်ပင်တစ်ပင်ကို ချိန်ထားလိုက်သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)