အခန်း(၇၀၁) - မှော်တာအို စာအုပ်။
မှော်နတ်သမီး မျှော်စင်၏ ခုနစ်ထပ်မြောက်မှာ သစ်သားအခန်း ဖြစ်သည်။ ကြည့်ရသည်မှာ သိပ် မကျယ်ပေ။ ပြင်ဆင်မှုက ရိုးရိုးရှင်းရှင်းသာ….။ ဒါသည် အစပိုင်းက ရဲတိုက်၏ ဇိမ်ခံအပြင်အဆင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
လင်းဟွမ်သည် ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်ပြီးနောက် သူ့ရှေ့တွင်ရှိနေသော ကျောက်ပြားကို အာရုံစိုက်လိုက်သည်။ ယခင် ကျောက်ပြားများကဲ့သို့ ရွှေရောင်အလင်းများ တောက်ပနေသည်။ သို့သော်လည်း ယခုလက်ရှိတွင် အဆင့်မြင့် မှော်အက္ခရာလိုင်း (၃၆) ခုနှင့် ဖွဲ့စည်းထားသဖြင့် လင်းဟွမ်၏ မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။
ဒါက ချိတ်ပိတ် မှောက်အက္ခရာ မဟုတ်ကြောင်း သူပြောနိုင်သည်။ အခြား တစ်ခုခုသာ ဖြစ်လိမ့်မည်။ သို့သော်လည်း သွေးရဲရဲလေးကို မဆင့်ခေါ်ခဲ့သလို အပေါ်ဘက်က ကျောက်တုံး မျက်နှာကြီးကိုလည်း မမေးခဲ့ပေ။ သစ်သား အခန်းထောင့်တွင် ထိုင်ပြီး အဆင့်မြင့် မှော်အက္ခရာ သုံးသောင်းနှင့် ပိုအဆင့်မြင့်သော မှော်အက္ခရာများကို ကျက်မှတ်လိုက်သည်။
ဤကဲ့သို့ဖြင့် (၃) ရက် ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် သွေးရဲရဲလေးနှင့် မျှဝေခဲ့သော မှော်အက္ခရာ အားလုံးကို အလွတ် ကျက်မှတ်နိုင်ခဲ့သည်။
စတုတ္ထမြောက်နေ့ ညသန်းခေါင်ယံ အချိန်……လင်းဟွမ် မျက်လုံးပြန်ပွင့်လာပြီး ကျောက်ပြားထံ လျှောက်သွားလိုက်သည်။ ယခုအခါ၌ မှော်အက္ခရာက ဘာကို ဆိုလိုချင်ကြောင်း သူနားလည်သွားပြီ။
“ဒါက ဖိတ်ခေါ်ခြင်း မှော်အက္ခရာတစ်ခုပဲ”
မှော်ဆရာက ဖိတ်ခေါ်ခြင်း မှော်အက္ခရာတစ်ခု ပေးပို့ထားသည်။ မှော်အက္ခရာ ဖတ်နိုင်သည့် လူများကသာ ဖတ်ခေါ်ခြင်း မှော်အက္ခရာကို ကုတ်ဖြေ နိုင်လိမ့်မည်။ ဒါသည် အထူး ပြုလုပ်ထားသော ဝင်ရောက်ခွင့် သော့တစ်ချောင်းနှင့် တူသည်။
လင်းဟွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ စုန်းအတတ် မှော်အက္ခရာများကို ပိုမို လေ့လာ လာသည်နှင့်အမျှ မှော်ဆရာက စိတ်ဝင်စားစရာကောင်းသော အလုပ်တစ်ခု ဖြစ်ကြောင်း တွေးလိုက်မိသည်။ ဖိတ်ခေါ်ခြင်း မှော်အက္ခရာမှာ သွေးရဲရဲလေး ဖော်ထုတ်ပေးခဲ့သော မှော်အက္ခရာ များထဲမှ တစ်ခုပင် ။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)