Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၆၁) - မေတ္တာလက်ဆောင် သတင်း တစ်ခု။လူအများစုက ပေါင်းပင်များ တူးနေကြစဥ် အချို့က ကုမ္ပဏီ၏ တည်ရှိမှုအကြောင်းကို တွေ့ရှိ ခဲ့ကြသည်။ လင်းဟွမ်သည် စုံစမ်းစစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် အကဲဖြတ်မှုနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အတည်ပြုခဲ့သည်။
“ပေါင်းပင်၊ ဒါက ဘာကို ဆိုလိုတာလဲ”
လင်းဟွမ်သည် ကုမ္ပဏီမှ ထွက်ခွာလာပြီးနောက် သဲလွန်စ ရှာဖွေရန် ကြိုးစားနေခဲ့သည်။ ထောင့်တစ်နေရာမှာ ရပ်လိုက်သည်။ ထို့နောက် ကြေးအဆင့် မုဆိုးအဆင့် ခွင့်ပြုချက်ဖြင့် မုဆိုး သတင်း ကွန်ရက်ထဲတွင် ရှာဖွေလိုက်သည်။
လင်းဟွမ်သည် ပိုင်ရွှမ်မြို့၊ ဝပ်ကျင်း အမှတ် (၇) ဘီ (၂၄) ၊ ပေါင်းပင်ဟူသော
စကားလုံးများကို အသုံးပြု၍ ရှာဖွေလိုက်သည်။အချိန် အတော်ကြာအောင် ရှာဖွေပြီးနောက် အသုံးဝင်သော အရာများ ရှာမတွေ့ပေ။ မုဆိုးသတင်း ကွန်ရက်တွင်လည်း ဘာမှမရှိသဖြင့် ခြောက်ကမ်းပါး အစွန်း ရောက်ရှိသွားသလို ခံစားရပြီး မျက်မှောင် ကြုတ်သွားသည်။
တကယ်လို့ ငါက မုဆိုး အစစ်တစ်ယောက်ဆိုရင် မုဆိုးအဖွဲ့အစည်းနဲ့ ကွန်ယက်ပေါ်မှာ ငါလိုချင်တဲ့ အချက်အလက်ကို ရှာလို့ မရရင် ဘယ်လို လုပ်ရမလဲ”
လင်းဟွမ်သည် ချည်းကပ်နေသော ရှုထောင့်ကို ပြောင်းလဲရန် ကြိုးစားရင်း သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်သည်။ မတူညီသော ရှုထောင့်မှနေ၍ တစ်မျိုးမျိုး ရှာတွေ့နိုင်ရန် မျှော်လင့်နေခဲ့သည်။
လင်းဟွမ်သည် ထိုသို့ တွေးတောရင်း လမ်းလျှောက်လာစဉ် ရုတ်တရက် ရပ်လိုက်သည်။ ခေါင်းကုတ်ကာ ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်သည်။
“အချက်အလက် ရှာဖွေဖို့ တခြားနည်းလမ်းတွေ ရှိတယ်ဆိုတာ သေချာတယ်။ တရားမဝင်တဲ့ နည်းလမ်းလည်း ဖြစ်နိုင်တယ်”
လင်းဟွမ်သည် အင်ပါယာနှလုံးသား လက်စွပ်ဖြင့် ပိုင်ရွှမ်မြို့ရှိ မှောင်ခိုစျေး
ကွက် တည်နေရာကို ရှာလိုက်သည်။ ထို့နောက် စောင့်ကြည့်ရေး ကင်မရာမရှိသော လမ်းကြား တစ်ခုထဲကို လျှောက်သွားကာ သူ၏ပုံစံနှင့် မျက်နှာ
အသွင်အပြင်ကို အမာရွတ်မျက်နှာ ဖြစ်အောင် ပြောင်းလဲလိုက်သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)