အခန်း(၆၂၁) - မျက်လုံးစုံမှိတ်ပြီး မောင်းနှင်သော အမျိုးသမီး။
လင်းဟွမ်အတွက် အဖွဲ့ခွဲ (၃) သို့ ရောက်ဖူးသည်မှာ ပထမဦးဆုံး အကြိမ်ပင်။
မစ္စတာဖူးထံမှ အကြောင်းအရာ တော်တော်များများ သိခဲ့သော်လည်း ထိုအချက်အလက် အများစုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက
အကြောင်းအရာများ ဖြစ်နေပြီး ခေတ်မမီတော့ချေ။လင်းဟွမ်သည် ဟိုတယ်တစ်ခုတွင် အခြေချ နေထိုင်ပြီး အဖွဲ့ခွဲ (၃) အကြောင်းကို သူ့ဘာသာသူ ရှာဖွေလေ့လာရန် စဉ်းစားခဲ့သော်လည်း မမျှော်လင့်ဘဲ ဧည့်လမ်းညွှန်များ ရရှိခဲ့သည်။ ထို့ကြောင့် ဤအခွင့်အရေးကို အမိအရ အသုံးချလိုက်၏။
စန်ပနှင့်အဖွဲ့သည် လင်းဟွမ်ကို သူတို့ စုဝေးနေထိုင်ရာ ဖြစ်သော စွန့်ပစ်ထားသည့် ဂိုထောင်ဟောင်း တစ်ခုကို ခေါ်ဆောင်သွားခဲ့သည်။ သူတို့၏ အခြေစိုက်စခန်းကိုတော့ မခေါ်သွားရဲပေ။
“လေးစားရပါသော ဆရာကြီး သိချင်တာရှိရင် စိတ်ထဲမထားဘဲ မေးပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြေပေးပါ့မယ်”
စန်ပက လင်းဟွမ်အတွက် ကုလားထိုင်တစ်လုံး ထုတ်ယူပြီး ချပေးလိုက်သည်။ လင်းဟွမ်က သူတို့အား သတ်ပစ်လိုက်မည်ကို အမှန်တကယ် စိုးရိမ်နေသည်။
“မင်း လိမ်စားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ရှားခြင်းမြို့မှာ တစ်ယောက်မှ အရေးမယူဘူးလား”လင်းဟွမ်၏ ပထမဦးဆုံးမေးခွန်း ထွက်ပေါ် လာသည်။ သဘောတရားများအရ အဓိကဇုန်များသည် အဖွဲ့ခွဲ (၇) ထက် ပိုကောင်းမွန်သော လုံခြုံရေး အစီအစဉ် ချမှတ်ထားသင့်သည်။ သို့သော်လည်း အဓိကဇုန်(အေ) အဆင့် ဝပ်ကျင်းဖြစ်သည့် ဖယ်ရှားခြင်း မြို့မှာ အဖွဲ့ခွဲ (၇) ရှိ (အေ) အဆင့် ဝပ်ကျင်းများလောက်ပင် ဘေးမကင်းကြောင်း မြင်နေရသည်။
“ဒါဆိုရင် ဆရာကြီးက အဖွဲ့ခွဲ (၃) ကို ပထမဦးဆုံး ရောက်ဖူးတာ ဖြစ်လိမ့်မယ်”
စန်ပက ထိုမေးခွန်းကိုကြားလျှင် ပြုံးလိုက်မိသဖြင့်
လင်းဟွမ်က သူ့ကို စိုက်ကြည့်နေသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)