Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၈၆) - ရွှေမုဆိုးအဆင့် အဖြစ် ရာထူးတိုးခံရခြင်း။မှော်မျက်လုံး အတားအစီးကြောင့် နတ်ဆိုးအရိပ် (တတိယမြောက် ပြိုင်ဘက်) သည် ထိုနေရာမှာပင် တောင့်တင်းသွားသည်။
လင်းဟွမ်က လက်သီးဖြင့် ထိုးလိုက်ရာ ခေါင်းသည် ပေါက်ကွဲသွားသည်။ ဦးနှောက်ထဲရှိ သွေးနှင့် အဖြူရောင်အနှစ်များ ပြန့်ကျဲသွားသည်။ ထို့နောက် ဦးခေါင်းမပါသော ခန္ဓာကိုယ်ကြီးသည် လဲကျပြီး ပျောက်ကွယ်သွားသည်။
“တိုက်ပွဲကို အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ်”
“ပြိုင်ဘက်ကို တစ်ချက်တည်း သတ်နိုင်ခဲ့တဲ့ အတွက် အမှတ် (၂) မှတ် ရတယ်”
“ပွဲ (၃၀) ဆက်တိုင် အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ်”
လင်းဟွမ်သည် တစ်ခေါက်တည်းနှင့် ပွဲ (၃၀) ဆက်တိုက် အနိုင်ရခဲ့သဖြင့် ဓါး
ပါရမီရှင်ဟူသော နာမည်သည် ယခုအခါတွင် လူသိများလာခဲ့သည်။ ပွဲ(၂၀) တက်တိုက် အနိုင်ရခဲ့သည့် အချိန်ကတည်းက လာကြည့်သည့်လူများ ရှိလာခဲ့သည်။ ပွဲ (၃၀) မြောက်တိုက်ပွဲတွင် တိုက်ပွဲကွင်းပြင် အမှတ် (၁၈၀) ၌ လူငါးရာကျော် လာကြည့်ခဲ့ကြသည်။“ဆက်ပြီး တိုက်ခိုက်ချင်သေးလား”
လင်းဟွမ်သည် အကြောင်းကြားချက်ကို ကြားသောအခါ နာရီကို ကြည့်လိုက်
လျှင် ည ကိုးနာရီခွဲ ရှိနေပြီ ဖြစ်သဖြင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် တိုက်ပွဲ ကွင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်။“ကိုးနာရီခွဲပဲ ရှိသေးတယ်။ ဘာလို့ စောစော ထွက်သွားတာလဲ။ သူ့မှာ တစ်ခြား
လုပ်စရာတွေ ရှိနေသေးလို့လား”“သူ ပင်ပန်းသွားတာ ဖြစ်လိမ့်မယ်။ တိုက်ပွဲ သုံးဆယ် ဆက်တိုက် တိုက်ခိုက်ခဲ့ရတာ အနားယူချင်တာ ပုံမှန်ပဲ”
“သူ့နာမည်က ဓါးပါရမီရှင်နော်။ ထူးဆန်းတာက ဓါးနဲ့ တိုက်ခိုက်တာ တစ်ခါမှ မမြင်ဖူးသေးဘူး”
“ငါကြည့်ခဲ့တဲ့ တိုက်ပွဲဆယ်ခုလုံးက အနီးကပ် တိုက်ခိုက်ခဲ့တာကြီးပဲ”
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)