1011-----1020

97 13 0
                                    

အခန်း(၁,၀၁၁) - အဆုံးသတ်

ကျီးကန်းနတ် ဘုရား ပုံရိပ်  ပျောက်ကွယ်သွားသည့် အချိန်မှာပင် ဖိန်းလီက သူ့လက်ကို ရှောင်မို၏ပခုံးပေါ် ဖိချပြီး အဝေးသို့ ဖယ်ရှားပစ်ရန်  ကြိုးစားလိုက်သည်။ သို့သော်လည်း ပုံရိပ်တစ်ခုက သူ့ထံ အလွန် လျင်မြန်သောအရှိန်နှင့် တိုးဝင်ရောက်လာသည်ကို ရုတ်တရတ် အာရုံခံမိ လိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် သူ့ဘယ်ဘက် လက်မောင်းက ထုံကျဉ်သွား
သလို ခံစားလိုက်ရသည်။ ငုံကြည့်လိုက်သောအခါ ဘယ်ဘက် လက်မောင်း
သည် တံတောင်ဆစ်မှ ပြတ်ကျသွားပြီး သွေးများ ထွက်နေကြောင်း  သိလိုက်
ရ၏။

တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ကျီးကန်း ဝိညာဉ်တော်လည်း ပျောက်
ကွယ်သွားသည်။ ဖိန်းလီသည် ခေတ္တမျှ အံ့အား သင့်သွားသော်လည်း မကြာခင်
အသိစိတ် ပြန်ဝင်လာသည်။ တရားခံ မည်သူ ဆိုသည်ကို ချက်ချင်း သိလိုက်
သည်။

“ လင်းရှီ… ”

လင်းရှီကို လိုက်ရှာရန် ကြိုးစားလိုက်စဉ် သူ့ နယ်မြေပိုင်နက် အသိထဲတွင်

တစ်ခုခုကို အာရုံခံ လိုက်မိသည်။ သူ့အနောက်မှ အသံတစ်ခု ထွက်ပေါ်လာ

သည်။

“ ငါ့ကို  ရှာနေတာလား… ”

လင်းဟွမ်သည် ဖိန်းလီ၏ အနောက် မီတာ (၂၀) အတွင်းတွင်  ပေါ်လာသည်။

လင်းဟွမ် ပခုံးပေါ်တွင် ထိုင်နေခဲ့သော ကြောင်ဖြူလေးကလည်း ငြိမ်သက်
သမုဒ္ဒရာ၏ အပေါ်တွင် ပျံဝဲနေ၏။

အစောပိုင်းက နတ်ဘုရားကျီးကန်း ပုံရိပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့
သော ဆင်ပေါက်ကလေးကလည်း ဖိန်းလီ လက်ထဲမှ လုယူခဲ့သော ရှောင်မိုနှင့်
အတူ ညာဘက်တွင် ပြန်ပေါ်လာသည်။

ထိုအခိုက်အတန့်၌  ရှောင်မိုက လေထဲ လွင့်မျောပြီး သတိမေ့နေသည်။ လင်း
ဟွမ်က သူ့ပခုံးကိုကိုင်ပြီး  ဟန်ချက်  ထိန်းလိုက်ရ၏။

“ လင်း ရှီ…  ကျီးကန်း ဝိညာဉ်တော် ငါ့ဆီပေး…”

ဖိန်းလီက ချက်ချင်း မတိုက်ခိုက်ပေ။ အစောပိုင်းက သူ့လက်ကို ဖြတ်ခဲ့သော
အမြီးကိုးချောင်း လင့်ကြောင်မြီးတိုကို အနည်းငယ် ကြောက်နေသည်။
ဖျက်ဆီးခြင်း နတ်ဘုရား အမွှေးရှည်   ဆင်ကိုမူ မကြောက်ပေ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now