1041----------1050

194 15 1
                                    

အခန်း(၁,၀၄၁) - ဒီအချိန်လောက် ကောင်းတာ မရှိတော့ဘူး……

ဝေကလန်သည် အဖွဲ့ခွဲ (၂) တွင် အကြီးဆုံး ကုန်သွယ်မျိုးရိုး ဖြစ်သည် ။ အကယ်၍  သူတို့ အတိုက်ခံရပါက ပြည်ထောင်စု အစိုးရက မလှုပ်ရှားဘူး  ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ  ။

ပြည်ထောင်စု အစိုးရအတွက်မူ ဝေကလန်က နတ်ဘုရားကောင်းချီး အဖွဲ့နှင့် တစ်ခုခု ပတ်သက်နေကြောင်း သိနေလျှင်ပင် ခိုင်မာသော သက်သေ မပြနိုင်သေးသရွေ့ ဝေကလန်ကို ကာကွယ်ပေးရန်  တာဝန် ရှိနေသေးသည် ။

ထို့ကြောင့် လင်းဟွမ်က ဝေကလန်ကို တိုက်ခိုက်သည်နှင့် ပြည်ထောင်စု အစိုးရက သေချာပေါက် ဝင်စွက်ဖက်လိမ့်မည် ။ ထို့အပြင် ပြည်ထောင်စု အစိုးရ၏ ရုံးချုပ်သည် ဝေကလန်နှင့် ကီလိုမီတာ သုံးဆယ်ပင် မဝေးချေ ။  ဝေကလန် တိုက်ခိုက် ခံရသည်နှင့် တပြိုင်နက် နတ်ဘုရားတစ်ပိုင်းများက အလွယ်တကူ ရောက်လာနိုင်သလို အတုယောင် နတ်ဘုရားများကလည်း မျက်စိ တစ်မှိတ်အတွင်း ရောက်လာနိုင်သည် ။

လင်းဟွမ်၏ နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ်များက မည်မျှပင်
အစွမ်းထက်နေစေကာမူ ဝေကလန်ကို မိနစ်အနည်းငယ်အတွင်း သတ်ပစ်ရန် မ
ဖြစ်နိုင်ချေ ။ လင်းဟွမ်သည် သွေးရဲရဲလေး စိုးရိမ်နေသည့် အကြောင်းအရင်း
ကို ကြားပြီးနောက် တိတ်ဆိတ်သွား၏ ။

ဤကမ္ဘာပေါ်တွင် အတုယောင်နတ်ဘုရား (၃၀)ကျော် ရှိသည့် အကြောင်းကို သူ
ကြားပြီးကတည်းက ပြည်ထောင်စု အစိုးရတွင် မည်မျှများများ ရှိနေလဲဆိုသည်
ကို သူနားလည် သွားသည်။ ထို့ကြောင့် ဝေမျိုးနွယ်ကို ထိပ်တိုက် တိုက်ခိုက်

ခြင်းသည် ပညာရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ ။

“ တကယ်လို့ ပြည်ထောင်စုအစိုးရက ဝင်ရောက် စွက်ဖက်လာရင်  ပြဿနာ
ကြီးလာမှာ … ”

လင်းဟွမ် မျက်မှောင်ကြုတ်သွား၏ ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် 
ပြောလိုက်သည်။

“ ဝေမျိုးနွယ်ကို ဖယ်ရှားမယ်ဆိုရင် သဲလွန်စ ကျန်လို့မရဘူး… ဖက်တီးအတွက် လက်စားချေတယ် ဆိုတာကလည်း အကြောင်းပြချက် တစ်ခုပဲ ။ ဝေရှန်း အမေက နတ်ဘုရား တမန်တော်ဖြစ်နေလို့ ချန်းသွမ် ဘယ်မှာရှိလဲဆိုတာ သေချာပေါက် သိမှာပဲ ။ တကယ်လို့  ချန်းသွမ်သာ အသက်ရှင် နေအုံးမယ်ဆို
ရင် ဒါက သူ့ကို ရှာတွေ့နိုင်တဲ့ တစ်ခုတည်းသော  သဲလွန်စပဲ… ”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now