Monster Paradise - မွန်းစတားတို့၏ သုခဘုံ
အခန်း(၁၁၁) - ရှောင်ရှမြို့သို့ ရောက်ရှိခြင်း။နောက်တစ်နေ့ မနက်တွင် ရှောင်ကွမ်မြို့၏ ရာသီဥတုသည် သာယာနေသည်။
လင်းဟွမ်သည် မနက်စောစောတွင် အိပ်ရာမှ နိုးလာသောအခါ ပြည်ထောင်စုအစိုးရထံမှ အကြောင်းကြားစာ ရရှိခဲ့သည်။“ဝပ်ကျင်းအမှတ် (၇) ဘီ (၆၁) မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စက ရှောင်ကွမ်အကျဥ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့ကြတဲ့ စိတ်ရောဂါသည်တွေ ဖြစ်ကြပြီး ကျူးလွန်သူ (၁၅) ယောက်ရှိတယ်။ ထွက်ပြေးလွတ်မြောက်သွားသူ (၁၅) ယောက်ထဲက (၁၃) ယောက်ကို ဖမ်းမိထားပြီး ကျန်တဲ့ (၃) ယောက်ကို လိုက်ရှာ နေပါတယ်။ စိတ်အေးအေး ထားပါ၊ ကျေးဇူးတင်ပါတယ်”
“ကျူးလွန်တဲ့လူတွေ မြို့တွင်းကနေ ထွက် မပြေးနိုင်အောင် တားဖို့အတွက် မြို့ပတ်လည်ရှိ ဂိတ်(၄) ခုကို လုံခြုံရေး တင်းကြပ်ထားပါတယ်။ နောက်ပြီးတော့ မြို့တွင်း ကင်းလှည့် ဆောင်ရွက်မှုကိုလည်း တင်းကြပ်သွားမှာ ဖြစ်ပြီး ည(၈) နာရီ နောက်ပိုင်းတွင် ည မထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ ညဘက် အပြင်ထွက်မယ် ဆိုရင် နေ့ခင်းဘက်မှာ ဒေသန္တရ အစိုးရဆီက ပါမစ်လျှောက်ထားပါရန် အကြောင်းကြား အပ်ပါတယ်”
“သူတို့က အမှန်တရားကို တကယ် ဖုံးကွယ် တာပဲ”
လင်းဟွမ်သည် မျက်ခုံးပင့်သွားပြီး အံ့အားသင့်စွာ တွေးလိုက်မိသည်။
ပြည်ထောင်စုအစိုးရ၏ အမိန့်ကြော်ငြာစာထဲတွင် ဤဖြစ်ရပ်က မည်မျှ
ပြင်းထန်ကြောင်း ဖော်ပြထားခြင်း မရှိပေ။လင်းဟွမ်သည် လင်းရှင်နှင့်အတူ မနက်စာ စားပြီးနောက် အစိမ်းရောင်ဝံပုလွေ
ကို စီးကာ အနောက်ဘက် မြို့တံခါးသို့ ထွက်လာသည်။ထို့နောက် လင်းရှင်သည် လင်းဟွမ်ကို လိုက်ပို့ပြီးနောက် ပိုင်နှင့်အတူ ဟိုတယ်
ရှိ သူမ အခန်းထဲသို့ ပြန်သွားခဲ့သည်။အနောက်ဘက်မြို့ တံခါးသို့ ရောက်သောအခါ တင်းကျပ်ထားသော စီစစ်မှု
များကြောင့် အဝင်အထွက် (၂) ဖက်စလုံးတွင် တန်းစီနေသော လူတန်းက
အရှည်ကြီး ဖြစ်နေသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)