1036-------1040

97 14 0
                                    

အခန်း(၁,၀၃၆) - မင်းဆက်၏ ရိပ်သာ….

နောက်တစ်နေ့ မနက်တွင် လင်းဟွမ်သည် ရေချိုးပြီးနောက် ဧကရာဇ် နန်းတော်ထဲမှ ထွက်လာခဲ့သည်။

အဆင့်တက်နေသော ရုပ်ဆိုးနှင့် ကျန်သည့် လူများကို စောင့်ရှောက်ရန် နတ်ဘုရား နေသစ်ပင်အား တာဝန်ပေးခဲ့သည်။

သူသည် နန်းတက်ပြီး ကတည်းက နှစ်ရက် ဆက်တိုက် အလုပ်ရှုပ်နေခဲ့သည်။ နောက်ဆုံးတွင် အပြင်ထွက်ပြီး လေကောင်း လေသန့်ရှူရန် အချိန်ရလာပြီ ဖြစ်သောကြောင့် လင်းရှင်နှင့် ရှောင်မိုတို့ကို  သူနှင့်အတူ   လိုက်ခဲ့ရန် ခေါ်ခဲ့သေး
သည် ။

လင်းရှင်သည် လွန်ခဲ့သော ရက်အနည်းငယ် အတွင်းက မင်းဆက် ဌာနချုပ်ရှိ နေရာတိုင်းကို လှည့်လည်သွားလာခဲ့ပြီး  ရှောင်မိုက သက်တော်စောင့် တစ်ယောက် အနေနှင့် သူမဘေးနားမှ လိုက်ပါ နေခဲ့သည်။ လင်းရှင်အတွက် အချိန် မပေးရသည့် အချိန်တိုင်းတွင် ရှောင်မိုက အခန်းအောင်းပြီး ကျင့်ကြံနေလေ့ ရှိ၏ ။

ယခု လင်းဟွမ်က ဧကရာဇ်မြို့သို့ အလည်အပတ် ထွက်မည်ဟု ပြောလာသောအခါ  သူတို့နှစ်ယောက်တည်း သွားရသည်ထက်ပင်  ပို၍ ပျော်ရွှင်နေကြသည်။

လင်းရှင်သည် မင်းဆက် ဌာနချုပ်၏ နေရာတိုင်းကို စူးစမ်း လေ့လာထားပြီး
သား ဖြစ်၍ ပျော်ပျော်ရွှင်ရွှင် ဦးဆောင်နေသည်။ အကယ်၍ လင်းဟွမ်ကသာ သူမကို မတောင်းဆိုခဲ့လျှင် ဒီနှစ်ရက်အတွင်း သူ့ဘာသာသူ အပြင် ထွက်ရတော့မည် ။

ထိုအချိန်၌ ရှောင်မိုသည် အစပိုင်းကတည်းက လင်းဟွမ်၏ ကိုယ်ရံတော်လုပ်
ရန်  သဘောတူ ထားခဲ့သော်လည်း ဤ ရက်ပိုင်းအတွင်းတွင် လင်းဟွမ်က ဧကရာဇ် နန်းတော်ထဲမှာသာ အချိန်ကုန်နေသောကြောင့် သူ့တာဝန်ကို မထမ်းဆောင်ခဲ့ရပေ။ ယခုလို ထွက်လာရသောအခါ ရှောင်မိုက ပျော်ရွှင်နေသည် ။
သူက ဧကရာဇ် နန်းတော်ထဲတွင် မရှိသော်လည်း ဟွမ်တန်ပု နှင့် ကျန်သည့်လူ
များက လင်းဟွမ် ပတ်ဝန်းကျင်တွင် ရှိနေကြသည်။ ထို့ကြောင့် လင်းရှင်
အတွက် သက်တော်စောင့် လုပ်ပေးခြင်းက သူ၏အဓိက တာဝန်လို ဖြစ်နေခဲ့ခြင်းပင် ။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now