အခန်း(၈၇၁) - အမှတ်ရှာတဲ့ နေရာကောင်း
နောက်တစ်နေ့မနက် အစောပိုင်းတွင် လင်းဟွမ်သည် အိပ်ယာမှ ပြန်နိုးလာသောအခါ လန်းဆန်းတက်ကြွ နေသည်။
ရေချိုး၊ မနက်စာ စားပြီးနောက် တဲကိုပြန်သိမ်းကာ ဂူထဲမှ ထွက်လာခဲ့သည်။
ဂူထဲမှ ထွက်လာသည်နှင့် မရေမတွက်နိုင်သော မွန်းစတားများက သူ့မြင်ကွင်းထဲ ဝင်လာသည်။မွန်းစတားများ လျှိုမြောင်အောက်ခြေ အရပ်မျက်နှာ အသီးသီးမှ ရောက်လာ
ပြီး နံရံများအပေါ် အဆက်မပြတ် တွားတက်နေကြသည်။ ကြီးမား၍ များပြား လှသောကြောင့် ပုရွက်ဆိတ်အုံကြီးနှင့်ပင် တူနေသည်။ မကြာခင် လင်းဟွမ် ရောက်နေကြောင်း မွန်းစတား တော်တော်များများက သတိထားမိပြီး သူ့ကို တိုက်ခိုက်ရန် ခုန်ဆင်းလာကြသည်။ဒါကိုမြင်လျှင် လင်းဟွမ်က ပိုင်၊ လန်စန်လော့၊ မိုးကြိုး၊ ပင်ဝမ်နှင့် ကိုင်လီ
တို့ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။ပိုင်က ပေါ်လာသည်နှင့် လင်းဟွမ်ကို ပစ်မှတ်ထားနေသော မွန်းစတားများကို
မြင်လိုက်လျှင် လျှပ်စီးကြောင်းအလား လျှင်မြန်စွာ ပြေးထွက်၍
တိုက်ခိုက်သည်။ သွေးစုပ်ဖုတ်ကောင် အမှုန်များကို ချွန်ထက်သော ဓါးသွားနှစ်
ချောင်းအဖြစ် ပြောင်းလဲ လိုက်သည်။ တစ်ချက် ဝှေ့ယမ်း၍ ခုတ်လိုက်တိုင်း မွန်းစတား အချို့ကို တိုက်ရိုက် သတ်ဖြတ်နေခဲ့သည်။မွန်းစတားအချို့သည် ခါးတစ်ဝက်မှ အပြတ်ခံရသော်လည်း သွေးတစ်စက်မှ မ
ကျပေ။ အကောင်းပတိ အလောင်းက မြေပေါ် ပြုတ်ကျသွားသည်။ထိုအချိန်တွင် လန်စန်လော့၊ မိုးကြိုး၊ ပင်ဝမ်တို့သည် တစ်ယောက်ပြီး တစ်
ယောက် ထွက်ပေါ်လာကာ သတ်ဖြတ်မှုကို စတင်ကြတော့သည်။ပိုင်က ရူးသွပ်စွာ သတ်ဖြတ်နေသော အခြေအနေထဲ ကျရောက်သွားသည်။
အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာတွင် ကျွမ်းကျင်သော မွန်းစတား လေး
ကောင်သည် သိုးအုပ်ထဲ ရောက်နေသော ကျားလေးကောင်ကဲ့သို့ တိုက်ခိုက်
နေကြသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)