1205-----1210

71 4 0
                                    

အခန်း(၁,၂၀၅) - ဂလက်စီအသိုက်၏ ပထမဦးဆုံးအကြိမ် အစွမ်းပြမှု

ပိုင်သည် တိုက်ပွဲထဲ ပျံသန်းသွားသည်။ အနက်ရောင် ဝတ်ရုံပေါ်မှ သွေးရောင် ကနုတ်များသည်   နောက်တစ်ကြိမ် ငြိမ်ကျသွား၏။ စီးဆင်းနေသော    အရောင်များလည်း မှေးမှိန်သွားခဲ့သည်။ ချော်ရည်နှင့် တူသော အရောင်များသည် ယခုအခါ ဝတ်ရုံပေါ်တွင် ရေဆွဲထားသော  ရုပ်ပုံများကဲ့သို့    ငြိမ်ကျ သွားခဲ့သည်။

သူ့နဖူးပေါ်မှ အနီရောင် သလင်းကျောက်လည်း ခန္ဓာကိုယ်ထဲ အလိုလို ပြန်ဝင်သွားသည်။ အနီရောင် ဖြစ်နေသော မျက်လုံးသူငယ်က အနက်ရောင် ပြန်ဖြစ်သွားခဲ့ပြီ။

ပိုင်က အနက်ရောင် ဖြစ်နေသော အခိုးအငွေ့များကို ပြန်ရုပ်သိမ်းရန် လုပ်လိုက်
စဉ် လင်းဟွမ်က လှမ်းအော်လိုက်သည်။

“ အမှုန်တွေက ကူးစက် ခံထားရတော့… မင်း ပြန်သိမ်းလိုက်ရင်  အဆင်ပြေပါ့

မလား…”

“ စိတ်မပူနဲ့…  တမင်  အကူးခံလိုက်တာ…”

လင်းဟွမ်ကို ခေါင်းညိတ်ပြီး အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

“တကယ်တော့    ဆွေးမြေ့နှလုံးရဲ့  စွမ်းရည်က ငါ့ရဲ့  သွေးချုပ်နှောင်မှု စွမ်း
ရည်နဲ့ အတူတူပဲ။ ဒါက သွေးချုပ်နှောင်မှုကို ကျိန်စာတိုက်ထားတဲ့   ဗိုင်းရပ်စ်
တစ်မျိုးပေါ့။ တိုက်ပွဲထဲမှာ သုံးဖို့ တော်တော်လေး အဆင်ပြေတယ်။ သွေးချုပ်

နှောင်မှု နည်းစနစ် အသစ်ရအောင်   ဒီ  ကျိန်စာသင့်စေတဲ့ ဗိုင်းရပ်စ်ကို ငါ့ရဲ့
သွေးစုပ်ဖုတ်ကောင် အမှုန်တွေဆီမှာ တမင်သက်သက်  ကူးစက်ခံလိုက်တာ….”

“ သေချာရဲ့လား… ”

လင်းဟွမ်က စိုးရိမ် နေသေးသည်။ ပိုင်၏ စွမ်းရည်ကို မယုံကြည်ခြင်း မဟုတ်
ပေ။ အနက်ရောင် လက်တံများက မည်သို့ပင် ကြည့်ကြည့် မကောင်းသော
အရာတစ်ခုသာ ဖြစ်နေသည်။ အကယ်၍ ပိုင်က မဆင်မခြင် လုပ်မိလျှင်
ပြဿနာ တက်လာနိုင်သည်။

“ ဒီမှာ   ကြည့်ပါ…”

လင်းဟွမ် စိုးရိမ်နေသည့် အကြောင်းအရင်းကို ပိုင်က သိနေသည်။ ထို့ကြောင့်
စကားလုံးများနှင့် ရှင်းပြမည့်အစား တစ်ခါတည်း သရုပ်ပြလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now