အခန်း(၄၃၁) - ချောကလက်လေးကို ချိတ်ဖွင့်ခြင်း။
ကြမ်းတမ်းဓါးသခင်၏ ချိတ်ဖွင့်ခြင်း အခြေအနေသည် ကြီးမားသော ရုန်းရင်း ဆန်ခတ်မှုကို မဖြစ်ပေါ်စေခဲ့ပေ။ သို့သော်လည်း လင်းဟွမ်သည် ချောကလက်လေး၏ ချိတ်ဖွင့်သော အခြေအနေသည် မတူညီနိုင်ကြောင်း ယောင်ဝါးဝါး ခံစားမိသည်။
ယခင်က လျှို့ဝှက်ဆန်းကြယ် လေလံပွဲထဲမှ ဣန္ဒြာဆေးပင်ပါသော အင်ပါယာ နှလုံးသား လက်စွပ်ကို ရရှိခဲ့ပြီး ရက်ပိုင်း အကြာတွင် ရန်လင်းက အင်ပါယာနှလုံးသား လက်စွပ်ကို ဖွင့်ပေးခဲ့သည်။ လက်စွပ်ထဲမှ ဣန္ဒြာဆေးပင်များကို ထုတ်ယူခဲ့သော်လည်း ကြယ်အလင်းသားရဲ၏ သီးခြားနေရာလွတ်ကို အရင်ဆုံး လာချင်သောကြောင့် ချောကလက်လေးကို ချိတ် မဖွင့်ရသေးပေ။
ထို့အပြင် ချောကလက်လေး၏ ဆွဲဆောင်မှု အားကောင်းသော အော်ရာကြောင့် အချိန်တစ်ခု ကြာသည့်အထိ ဆင့်ခေါ်ခြင်း မလုပ်ခဲ့ပေ။
ထို့ကြောင့် လင်းဟွမ်က ဆင့်ခေါ်လိုက်သောအခါ ချောကလက်လေးသည် သနားစရာကောင်းသော မျက်လုံးများနှင့် လှမ်းကြည့်နေသည်။
“မင်းကို ချိတ်ဖွင့်ပြီးလို့ အရွယ်ရောက်တဲ့ အဆင့်ကို ရောက်သွားရင် မင်းရဲ့အော်ရာကို ဖုံးကွယ်ထားနိုင်လိမ့်မယ်။ ဒါမှ မင်းကို မကြာခဏ ဆင့်ခေါ်လို့ရမှာ”
လင်းဟွမ်က ချောကလက်လေးကို ခေါင်းပုတ်၍ နှစ်သိမ့်လိုက်သည်။
ချောကလက်လေးက လင်းဟွမ်၏ မျက်နှာကို လျှာဖြင့် ချက်ချင်း လျှက်လိုက်သည်။
“တော်ပြီ။ ကစားနေတာ တော်တော့။ အလုပ်ကို အရင်ဆုံး ပြီးအောင်လုပ်ရအောင်။ ကဲ ချိတ် စဖွင့်ကြစို့”
လင်းဟွမ်သည် တစ်ရှူးထုတ်ပြီး မျက်နှာကို သုတ်လိုက်သည်။ ချောကလက်လေးက ရင်းနှီးကြောင်း ပြသသည့် အနေဖြင့် နမ်းခဲ့သော်လည်း သူက သည်းမခံနိုင်ပေ။
“အစ်ကို၊ ဒါက နဂါးလား”
လင်းရှင်၏ အားနည်းသောအသံကို ကြားလိုက် ရသည်။
ချောကလက်လေး လှည့်ကြည့်လိုက်ရာ သူနှင့် ရင်းနှီးသော မိုးကြိုးအပြင် အခြား မိန်းကလေး ရှိနေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် သိချင်စိတ်ဖြင့် လင်းရှင်ကို စိုက်ကြည့်နေသည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)