1121- 1130

38 3 0
                                    

အခန်း(၁,၁၂၁) - (၇) ကောင်၊ (၃) ကောင် တိုက်ပွဲ…..

“တောက်စ်…. မျှော်လင့်ထားသလိုပဲ… မျက်လုံးနှစ်ထပ် သန်ကောင်ကို သတ်တာသတ်ရတာ အလကားပဲ……”

ဒါသည် မျှော်လင့်ချက်အတွင်းသာ ရှိသော်လည်း ပိုးကောင်မွန်းစတား နှစ်ကောင် ပြန်ရှင်သန် လာသည်ကို မြင်သောအခါ လင်းဟွမ်တစ်ယောက် တော်တော်လေး  မချင့်မရဲ ဖြစ်သွားသည်။

မျက်လုံးနှစ်ထပ် သန်ကောင်နှင့် မဟာဦးနှောက် သန်ကောင်တို့ ပြန်ရှင်လာသောကြောင့် တိုက်ပွဲက သုံးကောင်၊    ခုနစ်ကောင်  တိုက်ပွဲ  နောက်တစ်ကြိမ် ပြန်  ဖြစ်သွားခဲ့သည်။ ဒါသည် ချိုးဖျက်၍ မရသော သံသရာတစ်ခုနှင့်   တူနေသည်  ။

သို့သော်လည်း နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ်သုံးကောင်၏ တိုက်ပွဲဝင်စိတ်က မြင့်မားနေ ဆဲပင်…။

ပိုးကောင် အနည်းငယ်က အထပ်ထပ်အခါခါ သေဆုံးပြီး အထပ်ထပ်အခါခါ ပြန်လည် ရှင်သန်နေသော်လည်း သူတို့၏ ယုံကြည်ချက်ကို မရိုက်ချိုးနိုင်ပေ။
အကြောင်းမူ ပြန်လည် ရှင်သန်နိုင်သော အကြိမ်အရေအတွက်က သုံးကြိမ်မှ ငါးကြိမ်ကြားသာ အများဆုံး ဖြစ်နိုင်ကြောင်း လင်းဟွမ်က ကျိတ်ပြီး ပြောထားသောကြောင့်  ဖြစ်သည် ။

ပိုးကောင် ခုနှစ်ကောင်သည် သူတို့ဘက်မှ နှစ်ကြိမ်တိုင်တိုင် သေပြီးနောက် တိုက်ပွဲထဲမှ သင်ခန်းစာ စ  ယူကြတော့သည်။

အိပ်မက်ဆိုး ကြံ့သူတော်၏ အိပ်မက်နယ်မြေက အစွမ်းထက်သောကြောင့် ယခုအခါ အိပ်မက်ဆိုး ကြံ့သူတော်ကို ပစ်မှတ် ထားလာကြသည်။ အထင်ကြီးစရာ ကောင်းသော စိတ်ဝိညာဉ် ပိုင်ဆိုင်ထားသည့် မဟာဦးနှောက် သန်ကောင်ပင် အိပ်မက်ဆိုး ကြံ့သူတော်၏ တိုက်ခိုက်မှုနှင့် တွေ့ကြုံလိုက်သောအခါ သတိ လျော့ကျ သွားခဲ့ရသည်။ ယခုအခါ သူတို့သည် အိပ်မက်ဆိုး ကြံ့သူတော်၏ နည်းစနစ်ကို သတိထား နေကြသည်။

မဟာဦးနှောက် သန်ကောင်က ပြန်ရှင်သန်လာသည်နှင့် အိပ်မက်ဆိုး ကြံ့သူတော်၏ တိုက်ခိုက်မှုကို ခုခံကာကွယ် နိုင်ရန် နတ်ဘုရားနည်းစနစ် အချို့ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုအရာက သူကိုယ်တိုင် အပါအဝင် ပိုးကောင်မွန်းစတား အားလုံးကိုပါ ဖုံးအုပ်လိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now