အခန်း(၇၅၁) - လင်းဟွမ်နှင့် ငရဲဝိညာဉ်တို့၏ တိုက်ပွဲ…
မှောင်မည်းနေသော ကောင်းကင် အောက်၌ လမ်းမီးတိုင် အရိပ်က ခပ်မှိန်မှိန် ဖြာကျနေသည်။ လမ်းမီးက အဝါရောင် ခပ်မှိန်မှိန် လင်းထိန်နေပြီး လမ်းမီးတိုင်အောက်၌ အလင်းနှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက် ထိမိသွားကြသည်။
တစ်ခုမှာ အနက်ရောင် အလင်းတန်း ဖြစ်ပြီး အခြားတစ်ခုမှာ ခရမ်းရောင် အလင်းတန်းပင် ။ ခရမ်းရောင်နှင့် အနက်ရောင် အလင်းတန်းများသည် လမ်းမီးတိုင်အောက်၌ အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြီး တစ်ခုနှင့်တစ်ခု အားပြိုင်ကာ ဖုံးလွှမ်းနိုင်ရန် ကြိုးစားနေကြသည်။
ဘုန်း…..
မိုးခြိမ်းသံအလား ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော နေရာမှ အရာများပင် ပြိုကျ ပျက်စီးသွားသည်။ မြူများ၊ ဖုန်များ တထောင်းထောင်း ထလာပြီး လမ်းမီးတိုင်မှ ထုတ်လွှင့်နေသော မီးလုံး၏ အလင်းရောင်ကိုပင် ဝါးမျိုသွားခဲ့ပြီ။
ထိပ်တိုက်တွေ့ဆုံသည့် ရလဒ်အရ လေထုပင် ပြင်းထန်စွာ တုန်ခါသွားသည်။ ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည်နှင့် တူလှ၏။ လေထဲတွင် လှိုင်းဂယက်များ ထွက်ပေါ်လာပြီး နေရာတိုင်းသို့ ပြင်းထန်သော လှိုင်းလုံးကြီး ဖြာထွက် သွားသည်။ ထိုပေါက်ကွဲမှု အင်အားကို ဗဟိုပြုသော လမ်းမီးတိုင်သည် ခဏတွင်းချင်း ဖုံးလွှမ်းသွားပြီး အမှုန်များ ဖြစ်သွားသည်။
လမ်းမီးတိုင် ပြုလုပ်ထားသည့် အဓိက အသုံးပြုသော ပစ္စည်းမှာ ဇီဝဓာတုဗေဒနည်းလမ်းအရ ပြုလုပ်ထားသော သတ္တုစပ် အမျိုးအစား ဖြစ်ပြီး ခံနိုင်ရည် ကောင်းသော်လည်း အင်မော်တယ်အဆင့် တိုက်ခိုက်မှုအင်အားနှင့် ကြုံတွေ့သောအခါ ကစားစရာ ပလတ်စတစ် အရုပ်ကဲ့သို့ အားနည်းလွန်းလှ၏။
သူတို့သည် လမ်းမီးတိုင်ကို ဖျက်ဆီးခဲ့ခြင်း မဟုတ်ပေ။ ထိုအလင်းတန်းနှစ်ခု ဖုံးလွှမ်းသွားသော နေရာရှိ အရာအားလုံး နီးပါးက ပြာကျသွားခြင်းသာ…။ အမှုန်များ ဖြစ်ကုန်၏။ လမ်းနှစ်ဖက် နှစ်ချက်ရှိ တံတိုင်းများ၊ နံရံများ ပျောက်ကွယ်သွားရုံသာမက သူတို့ ခြေထောက်အောက်က မြေကြီးပင် ပြိုကျပြီး (၁၀) မီတာခန့်နက်သော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၅၀... ၁၁၁၄-၁၁၄၀ ၁၂၀၅-၁၂၂၀ 1 - 1204 (PDF files)