Chapter 8
မော့တိ ကျောင်းပြန်သွားကြောင်းကို မော့ဝုဟန်က ကျူးဝမ်ဇီထံ သတင်းပေးလိုက်၏။
ထိုအချိန်တွင် မော့တိ၏အတန်းမှ ကျောင်းသားများအားလုံးသည်လည်း ထိုသတင်းကို သိလိုက်ရသည်။
“သူက ကျောင်းပြန်လာဖို့ မျက်နှာရှိသေးတယ်..
”Crew cutကေဖြင့်ကောင်လေးက ပီကေများကပ်နေပြီး ခဲများမှင်များပွထနေကာ အခြားစိတ်ပျက်စရာများဖြင့် ပြည့်နေသည့် ညစ်ပတ်စုတ်ပြတ်နေသောစားပွဲကို ကန်ပစ်လိုက်လေသည်။ သူကအေးစက်စက်အော်လိုက်၏။
“ဘယ်လိုတောင် အရှက်မရှိတာလဲ!”
“အဲဒီ့အရှက်မရှိတဲ့ဟာလေးရဲ့စားပွဲမှာ အခြားဟာလေးထပ်ထည့်လိုက်ဦးမယ်...” သူ့ဘေးရှိကောင်လေးက တဟဟရယ်လိုက်ပြီး ညစ်ပတ်နေပြီးသားစားပွဲပေါ် တံတွေးထွေးလိုက်လေသည်။
“Ah!”
အနီးမှကောင်မလေးက အမြန်နောက်ဆုတ်လိုက်ရ၏။ သူမ မျက်ခုံးပင့်လိုက်ရင်း
“တုကျစ်၊ ဂရုစိုက်စမ်းပါ၊ နင်ငါ့အပေါ် ထွေးမိတော့မယ် ...”
“မေ့ရန် နင်ဘေးနားနည်းနည်းဖယ်နေ” ဝမ်မေ့ရန်ဘေးမှ ပိုနီတေးလ်(မြင်းမြှီးသဏ္ဍာန်စည်းထားတဲ့ဆံပင်)ဖြင့် ကောင်မလေးက တုကျစ်အား မျက်လုံးလှိမ့်ပြလိုက်လေသည်။
"လျှိုကွေ့က ခဏနေရင်ပြန်လာတော့မှာ၊ သူကအရမ်းကြင်နာတတ်ပြီး မော့တိကို တအားဂရုစိုက်တာနော်၊ နင်လုပ်လိုက်တာကြောင့် သူ မပျော်ပဲနေလိမ့်ယ်...”
“အဆင်ပြေပါတယ် ၊ မော့တိရဲ့ခုံက နောက်ဘက်မှာလေ၊ ငါတို့ကာထားရင် သူမမြင်တော့ဘူး၊ ပြီးတော့ ငါတို့မှာ မော့တိအသံမထွက်အောင်လုပ်လို့ရနဲ့နည်းရှိတယ်၊ နင်တို့ကောင်မလေးတွေ တအားစိုးရိမ်တတ်တာပဲ၊ စိတ်မပူပါနဲ့ ”
“ကောင်းပြီ၊ အဲဒါက ဘာမှမဟုတ်ဘူး...” ကျူးဝမ်ဇီက လော့ကာနောက်မှ ကျောင်းသားထံလျှောက်လာပြီး ပြောလိုက်သည်။ သူက လော့ပြုတ်သည်အထိ ဆွဲချခံထားရသည့် မော့တိ၏လော့ကာကို ကြည့်ပြီးနောက် အနက်ရောင် အမှိုက်အိတ်ကို ပစ်ချလိုက်သည်။ အိတ်အတွင်းတွင် ခေါင်းမပါသည့်ကြောင်သေတစ်ကောင် ရှိနေလေသည်။