Chapter 101
မော့တိက ဒေါက်တာ၏စကားများကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးပါ...ဒေါက်တာဝမ်...”
မုထျန်းဟန်က စိတ်အခြေအနေအား ပြန်လည်ထိန်းညှိလိုက်ကာ ဒေါက်တာဝမ်အား ကျေးဇူးစကားဆိုလိုက်သည်။
“ကျွန်တော် ရက်အနည်းငယ်အတွင်း ညစာလိုက်ကျွေးပါ့မယ်...”
“မဟုတ်တာပဲ...ဒါက မပြောပလောက်ပါဘူး...”
“ကိုယ့်ကိုယ်ကိုယ် အရမ်းမနှိမ့်ချပါနဲ့လေ...ကျေးဇူးရှိရင် ပြန်ဆပ်ရမှာပဲမဟုတ်လား...ခင်ဗျားရဲ့အကူအညီက အရမ်းအကျိုးရှိခဲ့တာပါ...”
“ဒီလောက်လည်း မဟုတ်ပါဘူးဗျာ...ကျွန်တော်က စစ်ဆေးချက်လေးတစ်ချို့ပဲ လုပ်ပေးခဲ့တာပါ...”
ဒေါက်တာဝမ်က ပြုံးလျှက်ဆိုသည်။
“ဒါပေမယ့် ဒါရိုက်တာမုကို အကူအညီလေးတစ်ခု တောင်းစရာရှိပါတယ်...”
“ဒေါက်တာဝမ်...တွန့်ဆုတ်မနေပါနဲ့...”
“အင်း...တကယ်တော့ ကျွန်တော့်သားရဲ့ကိစ္စပါ...သူက M တက္ကသိုလ်မှာ ဘွဲ့လွန်တက်ဖို့ လျှောက်ချင်ပေမယ့် သူ့ရဲ့ ကိုယ်ရေးအကျဥ်းက ထူးခြားနေတာမျိုး မရှိဘူးလေ...သူ့မှာ အတွေ့အကြုံရော၊ ထူးချွန်တဲ့လုပ်ဆောင်မှုရော မရှိဖြစ်နေတာ...ဒီတော့လေ...”
ဒေါက်တာဝမ်က ရှက်ရှက်ဖြင့်ဆက်ပြောလာ၏။
“ခင်ဗျားရဲ့ ကုမ္မဏီမှာ သူ့ကို အလုပ်သင်အဖြစ် ခေါ်သုံးပေးလို့ရမလား...ဒီလိုဆို သူ တက္ကသိုလ်လျှောက်တဲ့အခါ အထောက်အကူဖြစ်မလားလို့ပါ...”
မုထျန်းဟန် ချက်ချင်းဆိုသလိုပင် နားလည်လိုက်သည်။
“ပြဿနာမရှိပါဘူး...ကျွန်တော် သူ့ကို အတွေ့အကြုံရှိတဲ့ ပရိုဂရမ်ရေးဆွဲသူတွေရဲ့ လက်အောက်ကို ထည့်ပေးလိုက်ပါ့မယ်...အဲ့ဒီ့အဖွဲ့ထဲကိုရောက်သွားတာနဲ့ ကျွန်တော် မကူညီရင်တောင် သူကောင်းကောင်း ဆောင်ရွက်နိုင်လောက်မှာပါ...”
“ဒီလောက်ဆို လုံလောက်ပါပြီ...ဒါက ကျွန်တော် တောင်းဆိုချင်တာ အကုန်ပါပဲ...”