ကျွန်မမုန်းတဲ့သူ့ကို [ Paid gp ]
အပိုင်း [ ၁ to ၄၀ ] စ/ဆုံး
သတို့သားနှင့်သတို့သမီးက ဧည့်ခံပြီးအခြား
စားပွဲဝိုင်းသို့ထွက်သွားပါသည်။ သူမဘေးက
စားသောက်ပွဲပေါ်မှ ရေတစ်ခွက်သာသောက်
လိုက်သည်။ ခဏနေတော့သူမတို့ရဲ့အနားသို့မိန်းကလေးတစ်ဦးရောက်လာခဲ့၍ သူမလှည့်
ကြည့်လိုက်မိသည်။" ကိုကို "
" အိန်ဂျယ် "
" ဘယ်သူများလဲလို့ "
" သြော် ... ဒေါ်ပန်သွန်းခ လည်းပါတာပဲကိုး
ကျွန်မက ရှင်မပါလာလောက်ဘူးလို့ထင်တာ
ဘာလဲ လူမှုရေးအရအရှက်ရမှာစိုးလို့လား "ထိုမိန်းကလေးကသူမကို တမင်တကာခနဲ့၍
ပြောမှန်းကိုသူမသိသော်လည်းသူမကလည်း
ခေသူမဟုတ်သူပီပီပြန်ကာအရွဲ့တိုက်ပြီးဖြေ
လိုက်သည်။" အိန်ဂျယ် သူကကိုယ့်ဇနီးပဲ ... ဒီပွဲကိုအတူ
လာရမှာပေါ့ "" အဟင်း ဒါပေါ့ ... ဇနီးတစ်ယောက်အနေနဲ့
ခင်ပွန်းရဲ့သူငယ်ချင်း မင်္ဂလာဆောင်ဖြစ်တဲ့
ဒီလိုပွဲကိုဂုဏ်ပြုဖို့အတူတက်ပေးရတာပေါ့ "🧡🧡🧡🧡🧡🧡🧡🧡🧡🧡
သူခေါ်နေသော်လည်း သူမက ဂရုမစိုက်ပြန်
မထူးသောကြောင့် သူထပ်ခေါ်လိုက်မိသည်။
သို့သော် ကွန်ပျူတာကိုသာ အာရုံစိုက်သလို
လုပ်ပြနေသောကြောင့် သူမလက်ထဲမှယူပြီး
ဘေးကိုချလိုက်သည်။" ဘာလဲ "
" ဒီမှာ ခင်ဗျားဘာဖြစ်နေတာလဲ "
" ဘာဖြစ်လို့လဲ "
" ဘာလို့ ကျုပ်ပြန်လာတာမြင်ရဲ့နဲ့မမြင်ချင်
ယောင်ဆောင်သွားတာလဲ "" မမြင်ချင်လို့လေ "
" ဘာဗျ "
💚💚💚💚💚💚💚💚💚💚
သူက ဟက်ခနဲရယ်သည်။ ကျွန်မပြောသည့်
ထဲရယ်စရာမှမပါတာလေ။ ကျွန်မအလိုမကျ
သော မျက်နှာဖြင့်သူ့ကို လှည့်ကြည့်မိသည်။
သူကကျွန်မခါးကိုသူ့အနားကိုဆွဲ၍ဖက်လိုက်
သောကြောင့် သူ့ရင်ခွင်ကျယ်ထဲရောက်သွား
ရသည်။ သူကဖက်ထားရင်းကပဲ မျက်မှောင်
ကြုတ်ကာ ကျွန်မကိုကြည့်ပြီး ဆိုလာသည်။
YOU ARE READING
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...