ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၃၄ }
ပန်သွန်းခ သားလေးမွေးနေ့အတွက် ကိတ်ကို
သေချာ ပြင်ဆင်လိုက်မိသည်။ ကိုမိုးစက်ချိန်း
ကကျောင်းက သွားကြိုလာပေးတော့ သားက
အိမ်ထဲသို့ အပြေးဝင်လာသည်။ သူမ သားကို
ကောက်ချီရင်းနမ်းလိုက်မိလေသည်။ သားက
သူမဘဝအတွက်မရှိမဖြစ်ပါ။ မောင်သူမဘဝ
ထဲက ထွက်သွားပြီးသည့် နောက်ပိုင်း သားကို
သူမအချိန်ပိုပေးမိသည်။ သူမ၏ အလုပ်ကိစ္စ
တွေကိုအမြဲဘေးချိတ်ထားခဲ့မိသည်။ သားက
သူမ လက်ပေါ်ကဆင်းပြီး ကိတ်မုန့်ဆီသို့ ပြေး
သွားလေသည်။" မားမား ဒါသားသားအတွက်မလား ... ဒီနေ့
သားသားမွေးနေ့လေ "" ဒါပေါ့ မားမားသားလေးရဲ့ ... သားအတွက်
မားမားကိုယ်တိုင်လုပ်ထားတာ "" ရေး ဒါမှသားရဲ့မားမားဗျ ... မားမား ပါးပါး
ကဒီနှစ်ရောပြန်လာမှာလားဟင် "" သားရယ် "
သူမမျက်နှာပျက်ယွင်းသွားရသည်။ သားက
စိတ်မကောင်းဖြစ်သွားပုံပင်ငိုမဲ့မဲ့မျက်နှာလေး
ဖြစ်သွားလေသည်။ သူမသားမမြင်အောင်လို့
မျက်ရည်တွေခိုးသုတ်လိုက်ရင်း သားရှေ့တွင်
ထိုင်ချလိုက်မိသည်။" သား မားမားရှိတယ်လေ ... သားကမားမား
ကိုမချစ်ဘူးလား သားအတွက် မားမားကလွဲ
ပြီးဘယ်သူလိုအပ်သေးလို့လဲ "" သားနောက်မမေးတော့ပါဘူး မားမား သား
ကြောင့်မားမားစိတ်မကောင်းဖြစ်သွားလို့သား
တောင်းပန်ပါတယ်နော် "" မားမား ဘာမှမဖြစ်ပါဘူး သားရေသွားချိုး
တော့နော် "" ဟုတ်ကဲ့ "
သားက ခေါင်းညိမ့်ပြီး အပေါ်ထပ် ပြေးတက်
သွားလေသည်။ သူမ ကိုမိုးစက်ချိန်း ကိုကြည့်
လိုက်ရင်းဧည့်ခန်းမှာသွားထိုင်ခိုင်းပြီးမီးဖိုခန်း
တွင်အသင့်ရှိနေသည်မို့ကော်ဖီကိုယ်တိုင်ဖျော်
၍ အရှေ့ချပေးလိုက်မိသည်။ ထို့နောက် သူမ
ပါဆိုဖာတွင် ဝင်ထိုင်လိုက်လေသည်။" ပန်သွန်း "
" ကိုမိုးစက်ချိန်း ပြောစရာရှိလို့လား ... ပြော
လေ "
VOCÊ ESTÁ LENDO
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romanceလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...