ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၁၃ }
သူမအနားကနေ သူတံခါးကိုဆောင့်ကန်ရင်း
ထွက်သွားခဲ့လေသည်။ သူထွက်သွားတော့မှ
သူမမျက်လုံးတွေမှိတ်ချလိုက်ရင်းသက်ပြင်း
ချလိုက်မိသည်။ သူမနှုတ်ခမ်းလေးကို ဖိကာ
ကိုက်လိုက်မိရင်းကျလာမည့်မျက်ရည်စတွေ
ကိုသုတ်လိုက်မိသည်။ ထိုနေ့က သူအိမ်မပြန်
ဘဲ သူ့ရဲ့မွေးစားမိဘတွေ ဝယ်ပေးထားသည့်တိုက်ခန်းမှာသာ သွားအိပ်လိုက်မိလေသည်။
နောက်နေ့မှကုမ္ပဏီကိုသွားရမှာမို့ သူအိမ်ပြန်
လာခဲ့သည်။ သူမကိုအိမ်မှာမတွေ့၍ ရေချိုး၊ရှပ်အင်္ကျီလဲကာ အမြန်ပြင်ဆင်ပြီး မနက်စာ
မစားတော့ဘဲ ကုမ္ပဏီကိုထွက်လာခဲ့မိသည်။
ကုမ္ပဏီရောက်တော့လည်းသူမကိုမတွေ့ချေ။
' သူမတစ်ယောက်တည်းဘယ်သွားနေတာလဲ
ဒီလိုချိန်မှာ ' သူစိတ်ထဲ၌ ရေရွတ်လိုက်မိရင်း
ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်လိုက်မိလေ
သည်။ သူမ၏ဖုန်းကပြန်လည်ဖြေကြားခြင်း
မရှိဘဲပိတ်ထားသည်။ သူကျွတ်သက်လိုက်မိ
ရင်းရုံးကထွက်လာခဲ့လိုက်သည်။ကျစ် ...............
သူမတစ်ဦးတည်းနေချင်သည်မို့ မိဘတွေရဲ့
အုတ်ဂူကိုသွား၍နှုတ်ဆက်ရင်း မာမီ့ အုတ်ဂူ
အရှေ့တွင်ထိုင်နေမိပါသည်။ ဖုန်းကမြည်နေ
ပေမယ့် သူ့ဆီကဖုန်းမို့တမင်တကာသာ သူမ
မကိုင်ဘဲ ပစ်ထားမိရင်း နှစ်ခါ၊သုံးခါ ခေါ်နေ
သောကြောင့် စက်ပိတ်ထားလိုက်မိပါသည်။
မနက်အစောကြီးကတည်းကထွက်လာသည်
မို့ ကြီးရွှေ ကိုလည်းမပြောခဲ့ပါလေ။ အုတ်ဂူ
ထက်မှ မာမီ့ ဓာတ်ပုံလေးကိုကြည့်ရင်း သူမ
မျက်ရည်တွေကိုသုတ်လိုက်မိ၏။ ကိုယ်တိုင်
မိခင်ဖြစ်လာတော့မှာမို့ မာမီ့ ကိုပိုပြီးသတိရ
လွမ်းမိလေသည်။ သူမဗိုက်ကိုပြန်စမ်းမိရင်း
ပင့်သက်ရှိုက်လိုက်မိသည်။ သူမလည်း မိခင်
ဖြစ်တော့မှာလေ။ သူ့ကိုမုန်းမိပေမယ့် သူမရဲ့ကလေးကိုတော့ သူမ အပြည့်အဝ ကာကွယ်
စောင့်ရှောက်မှာပါ။သူကားကို တောက်လျှောက်မောင်းလာရင်း
ဖုန်းကိုအကြိမ်ကြိမ်ခေါ်နေမိပေမယ့်စက်ပိတ်
ထားသည်မို့ စိတ်တိုကာဘလူးသုလ်နားကျပ်
ကို ဘေးခုံပေါ်သို့ ပစ်ပေါက်ချလိုက်မိသည်။
အိမ်ဖုန်းကိုဆက်ပြီး ကြီးရွှေ ကိုမေးပြန်တော့
လည်း ပြန်မရောက်သေးပါလေ။ သူ ကားကို
ခဏရပ်၍ စီယာတိုင်ကိုထုရိုက်လိုက်မိလျက်
ထိုင်ခုံ နောက်ကျောသို့မှီကာ မျက်လုံးတွေကို
ခဏမှိတ်ချလိုက်မိသည်။ နောက်မှ သူမသွား
နိုင်မည့်နေရာကိုသတိရမိသွား၍ ကားကိုပြန်
ကွေ့လိုက်မိသည်။ ကားကိုရပ်ပြီးသူမရဲ့မိဘ
တွေ၏ အုတ်ဂူရှိရာဆီလာခဲ့ရင်းသူမကိုတွေ့
လိုက်တော့မှသူမဆီကိုလျှောက်လာခဲ့သည်။
သူမပြန်မလို့ထရပ်လိုက်ပြီးကာမှ သူ့ကိုတွေ့
လိုက်၍ကျောခိုင်းမျက်နှာလွှဲလိုက်မိသည်။
KAMU SEDANG MEMBACA
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romansaလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...