Part 20 Uni/Zawgyi

446 11 0
                                    

ကျွန်မမုန်းတဲ့သူ့ကို

   အခန်း { ၂၀ }

ခမ်း သူမအတွက်မနက်စာဝယ်ပြီး ဆေးရုံသို့ပြန်လာခဲ့သည်။ သူအခန်းထဲသို့ ဝင်လာတော့
သူမနိုးနေပြီး ခုတင်ပေါ်မှဆင်းရန် ဖိနပ်စီးနေ
၍ သူ မနက်စာထုပ်ကို စားပွဲပေါ်တင်ပြီး သူမ
အနားပြေးသွားလိုက်သည်။

" မ ဘာလိုချင်လို့လဲ ကျွန်တော့်ကိုပြောလေ "

" ရတယ် ငါသန့်စင်ခန်းသွားမလို့ "

" ကျွန်တော်လိုက်ပို့ပေးမယ် "

" အို "

သူကသူမကို ရုတ်တရတ် ပွေ့ချီလိုက်၍ သူမ
မျက်လုံးအဝိုင်းသာဖြင့် သူ့ကိုကြည့်လိုက်မိပါ
သည်။ သူကပြုံးပြီး သူမကိုချီရင်းသန့်စင်ခန်း
ထဲအထိသို့ပို့ပေးလေသည်။ သူမ​မျက်နှာသစ်​​
ကာ ခြေလက်သန့်စင်ပြီးပြန်ထွက်လာခဲ့တော့
သူက ပွေ့ချီပြီး ခုတင်အထိ ပြန်ခေါ်သွားပေး
လေသည်။ ပြီးနောက် သူမဆံပင်တွေကို ရှင်း
လင်းပေးပြီး မနက်စာပြင်ပေးသည်။ ကြီးရွှေ
ကသူမရှိတဲ့အချိန်ဆေးရုံလာစောင့်ပေးသည်။

" မောင် ငါ့ကိုကလေးလေးဆီခေါ်သွားပေးနိုင်
မလား ... နော် "

" မ အနားယူဖို့လိုသေးတယ်လေ "

" ငါကလေးလေးကိုတွေ့ချင်တယ် "

ခမ်း သက်ပြင်းရှိူက်လိုက်မိလေသည်။ သူမ
ကိုသူ မတားချင်တော့သောကြောင့် ကလေး
ကြပ်မက်ဆောင်ကိုသူမကိုခေါ်လာခဲ့မိသည်။
သူမကလေးလေးကို အပြင်ကနေ ကြည့်ရင်း
မျက်ရည်တွေကျနေသည်။ သူမလက်ကို သူ
ဆုပ်ကိုင်ထားလိုက်မိသည်။

" မ ကျွန်တော်တို့ကလေးလေးဘာမှမဖြစ်ပါ
ဘူး မငိုနဲ့နော် "

" ဘာမှမဖြစ်ဘူးလို့ပြောနိုင်တယ် မျှော်လင့်
ရတာပဲ ဒါပေမယ့်ကံကြမ္မာကိုတော့မပြောင်း
လဲနိုင်ဘူး "

" ကျွန်တော်ယုံကြည်တယ် ... ကျွန်တော်တို့
ကလေးလေးကောင်းသွားမှာပါ "

သူမသူ့ကို မော့ကြည့်လိုက်မိလျှင် သူကသူမ
ပုခုံးကိုဖက်ထားသည်။ သူမတို့ဆေးရုံကဆင်း
ပြီးတော့ သူကသူမနှင့်သမီးအနားသာကပ်နေ
လေ၏။ သူမသမီးရဲ့အနှီးတွေကိုခေါက်နေမိ
တော့သူက သမီးအနားမှာထိုင်၍ ကလေးနှင့်
စကားပြောရင်းချော့မြူကစားနေသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Donde viven las historias. Descúbrelo ahora