ကျွန်မမုန်းတဲ့သူ့ကို
အခန်း { ၅ }
သူမသူ့ကိုကြည့်လိုက်မိရင်း တွေဝေနေတုန်း
ပင်။ သူက သူမရှေ့တွင် ပြန်ပြီးခြေချိတ်ထိုင်
နေရင်းမှဘောင်းဘီအိတ်ကပ်ထဲကနေ ပီကေ
တစ်ခုကို ထုတ်ဝါးနေရင်း သူမကိုစိုက်ကြည့်
နေလေသည်။ သူမမျက်နှာကိုမာနတို့တင်း၍
မာန်ဖြင့်ချီလိုက်ပြီး တစ်ဖက်သို့ ချက်ချင်းလွှဲ
လိုက်မိသည်။" ကောင်းပါပြီ ... ကျွန်မဒီကိစ္စကိုလက်ခံပါ
တယ် ဒါပေမယ့် တစ်ခုတော့ရှိတယ် "" ပြောပါ "
" လက်ထပ်ပြီးရင် ... သူရသွားတဲ့ပိုင်ဆိုင်မှူ
တွေကိုကျွန်မကိုပြန်လွှဲပေးရမယ် "သူမငြင်းမရသည့်အဆုံးခေါင်းညိတ်လိုက်ရ
တော့သူကသူမကို လှောင်သလိုပြုံးရယ်လေ
သည်။ ထို့နောက် သူမ၏ တောင်းဆိုချက်ကို
နားထောင်နေရင်းသူသိနေပြီးသလိုအဓိပ္ပာယ်
ပါသည့် အပြုံးမျိုးထပ်ပြုံးပြန်သည်။" ဒေါ်ပန်သွန်းခ ဒီလိုပဲတောင်းဆိုမယ်ဆိုတာ
ကျုပ်သိပြီးသားပါ ... ဟွန်း အံ့သြစရာမရှိပါ
ဘူး "" အပိုတွေမပြောဘဲ လိုရင်းပဲပြောတာပေါ့ "
" ကျုပ်ငြင်းစရာမရှိပါဘူး အဓိကလက်ထပ်
ဖို့ကိစ္စပဲမဟုတ်လား "သူတမင်တကာပြောမှန်းသူမသိနေပါသည်။
ရှေ့နေပြန်သွားတော့သူကချန်ရစ်နေခဲ့သည်။
သူမ သူ့ကိုဂရုမစိုက်ဘဲ အိမ်ထဲ ပြန်ဝင်လာခဲ့
လိုက်မိတော့ သူကအနောက်မှလိုက်လာလေ
သည်။ သူမအခန်းထဲဝင်ပြီး တံခါးကိုဆောင့်
ပိတ်မလို့လုပ်တော့သူကတံခါးကိုဆွဲထား၏။" ငါမင်းနဲ့ပြောစရာမရှိဘူး ဖယ် "
" ကျုပ်ကတော့ပြောစရာရှိတယ် "
" ဖယ်စမ်း ငါမင်းမျက်နှာကိုမမြင်ချင်ဘူး "
" နောက်ဆိုမမြင်ချင်တဲ့မျက်နှာကိုအမြဲတွေ့
ရတော့မှာ ... အခုကတည်းကလေ့ကျင့်ထား
မှပေါ့ "တောက်စ် ...............
သူကပြောပြီးသူမလက်ကိုလှမ်း၍ ဆွဲလိုက်
လေသည်။ သူမဒေါသထွက်ထွက်ဖြင့် တတ်
ခေါက်မိသည်။
KAMU SEDANG MEMBACA
ကျွန်မမုန်းတဲ့သူ့ကို (Complate)
Romansaလောကမှာငွေဟာနံပါတ်တစ်ထင်မှတ်ထားကာ မာနကြီးပြီးအကြောက်တရားကင်းမဲ့တတ်သူ မိန်းမလှလေး ပန်သွန်းခ သူမမုန်းတဲ့ယောကျ်ား တစ်ဦးကိုလက်ထပ်ဖို့ဖြစ်လာတဲ့အခါ ...။ အလုပ်ရှင်ရဲ့သမီးကိုမှတိတ်တခိုးချစ်နေမိရင်း သူမအကျင့်စရိုက်ကိုမကြိုက်နှစ်သက်သော်လည်း သိပ်သဘောကျတဲ့အမျိ...