💙 Introduction 💙

3.9K 42 0
                                    

ကျွန်မမုန်းတဲ့သူ့ကို [ Paid gp ]

အပိုင်း [ ၁ to ၄၀ ] စ/ဆုံး

သတို့သားနှင့်သတို့သမီးက​ ဧည့်ခံပြီးအခြား
စားပွဲဝိုင်းသို့ထွက်သွားပါသည်။ သူမဘေးက
စားသောက်ပွဲပေါ်မှ ရေတစ်ခွက်သာသောက်
လိုက်သည်။ ခဏနေတော့သူမတို့ရဲ့အနားသို့မိန်းကလေးတစ်ဦးရောက်လာခဲ့၍ သူမလှည့်
ကြည့်လိုက်မိသည်။

" ကိုကို "

" အိန်ဂျယ် "

" ဘယ်သူများလဲလို့ "

" သြော် ... ဒေါ်ပန်သွန်းခ လည်းပါတာပဲကိုး
ကျွန်မက ရှင်မပါလာလောက်ဘူးလို့ထင်တာ
ဘာလဲ လူမှုရေးအရအရှက်ရမှာစိုးလို့လား "

ထိုမိန်းကလေးကသူမကို တမင်တကာခနဲ့၍
ပြောမှန်းကိုသူမသိသော်လည်းသူမကလည်း
ခေသူမဟုတ်သူပီပီပြန်ကာအရွဲ့တိုက်ပြီးဖြေ
လိုက်သည်။

" အိန်ဂျယ် သူကကိုယ့်ဇနီးပဲ ... ဒီပွဲကိုအတူ
လာရမှာပေါ့ "

" အဟင်း ဒါပေါ့ ... ဇနီးတစ်ယောက်အနေနဲ့
ခင်ပွန်းရဲ့သူငယ်ချင်း မင်္ဂလာဆောင်ဖြစ်တဲ့
ဒီလိုပွဲကိုဂုဏ်ပြုဖို့အတူတက်ပေးရတာပေါ့ "

🧡🧡🧡🧡🧡🧡🧡🧡🧡🧡

သူခေါ်နေသော်လည်း သူမက ဂရုမစိုက်ပြန်
မထူးသောကြောင့် သူထပ်ခေါ်လိုက်မိသည်။
သို့သော် ကွန်ပျူတာကိုသာ အာရုံစိုက်သလို
လုပ်ပြနေသောကြောင့် သူမလက်ထဲမှယူပြီး
ဘေးကိုချလိုက်သည်။

" ဘာလဲ "

" ဒီမှာ ခင်ဗျားဘာဖြစ်နေတာလဲ "

" ဘာဖြစ်လို့လဲ "

" ဘာလို့ ကျုပ်ပြန်လာတာမြင်ရဲ့နဲ့မမြင်ချင်
ယောင်ဆောင်သွားတာလဲ "

" မမြင်ချင်လို့လေ "

" ဘာဗျ "

💚💚💚💚💚💚💚💚💚💚

သူက ဟက်ခနဲရယ်သည်။ ကျွန်မပြောသည့်
ထဲရယ်စရာမှမပါတာလေ။ ကျွန်မအလိုမကျ
သော မျက်နှာဖြင့်သူ့ကို လှည့်ကြည့်မိသည်။
သူကကျွန်မခါးကိုသူ့အနားကိုဆွဲ၍ဖက်လိုက်
သောကြောင့် သူ့ရင်ခွင်ကျယ်ထဲရောက်သွား
ရသည်။ သူကဖက်ထားရင်းကပဲ မျက်မှောင်
ကြုတ်ကာ ကျွန်မကိုကြည့်ပြီး ဆိုလာသည်။

ကျွန်မမုန်းတဲ့သူ့ကို (Complate)Onde histórias criam vida. Descubra agora